မြန်မာနိုင်ငံရဲ့ လက်ရှိကျင့်သုံးဆဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်လို့မရအောင် တင်းကျပ်နေတဲ့ အရာတွေကို အရင်ပြင်ဆင် သွား ရမှာ ဖြစ်တယ်လို့ အတိုက်အခံ အမျိုးသား ဒီမိုက ရေစီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က ကျင်းပခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ပြည်သူတွေအားလုံးနဲ့ ဆိုင်တာမို့လို့ အားလုံးကနေဝိုင်းပြီးတော့ စိတ်ဝင်စားကြတယ်၊ ပြုပြင်ပြောင်းလဲဖို့လိုတယ် ဆိုလို့ရှိရင် ပြုပြင်ပြောင်းလဲဖို့လိုကြောင်းကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရဲကြတယ်ဆိုတာဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အလားအလာဖြစ်တဲ့အကြောင်း၊ အဓိက ရည်ရွယ်ချက်ကတော့ အားနည်းချက်တွေကို ပြုပြင်ဖို့ဖြစ်ပြီး၊ ဒါဟာ အပြစ်ရှာဖို့ မဟုတ်တဲ့အကြောင်း၊ အဖြေရှာဖို့ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ပါတယ်။
မိမိအမြဲပြောခဲ့သလိုပဲ ပြဿနာတစ်ခုကို ချဉ်းကပ်တဲ့အခါမှာ အပြစ်ရှာချင်တဲ့စိတ်ဓါတ်နဲ့ မဟုတ်ပဲနဲ့ အဖြေရှာချင်တဲ့စိတ်ဓါတ်နဲ့ ချဉ်းကပ်ဖို့ လိုတဲ့အကြောင်း၊ အခုလုပ်ခဲ့တဲ့ အစည်းအဝေးတွေဟာလည်း အဖြေရှာချင်ခဲ့စိတ်ဓါတ်နဲ့ လုပ်ခဲ့တဲ့အတွက် အများကြီးကျေနပ်စရာရှိခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲအတွင်းမှာ ၂၀၀၈ ခုနှစ် အခြေခံဥပေဒကို အသစ်တဖန်ပြန်လည် ရေးဆွဲရင် ကောင်း မလား ဒါမှမဟုတ် လက်ရှိအခြေခံဥပဒေထဲက အစိတ်အပိုင်းတချို့ကို ပြင်ဆင်တာက ကောင်းမလား ဆိုတာတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က Eleven ကို ပြောခဲ့ကြောင်းလည်း သိရ ပါတယ်။ ၃ ရက်ကြာကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ သြစတြေးလျနိုင်ငံက ပါလီမန်အမတ် Janelle Saffin လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Credit : http://abbsoluteright.blogspot.com/2013/05/blog-post_7838.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။