/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 13, 2013

.

မြန်မာနိုင်ငံလေယာဉ် အက်ဥပဒေအား ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်မည်



လွတ်လပ်ရေးမရမီ ၁၉၃၄ခုနှစ်ကပြဋ္ဌာန်း ခဲ့ သော မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေအား ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရန် နိုင်ငံ တော်သမ္မတရုံး၏ သဘောတူ အတည်ပြု ချက်ရယူပြီး ပြည်ထောင်စုအစိုးရရုံးသို့ တင်ပြသွားမည်ဖြစ် ကြောင်း လေကြောင်း ပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


“ ဒီဥပဒေကိုခေတ်နဲ့ လိုက်လျောညီထွေမှု ဖြစ်စေဖို့ရာ အပြည်ပြည် ဆိုင်ရာမြို့ပြ လေ ကြောင်းအဖွဲ့ချုပ် (IC-AO)ရဲ့အကြံပြုချက်အရပါ ပြင်ဆင်ဖို့ လုပ်ရတာဖြစ်ပါတယ်” ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန (DCA)မှလက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။

အဆိုပါဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေ ကြောင်း အရ အကြံပြုချက်များရယူ ထားပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့် DCA ၏ ထပ်မံ ပြင်ဆင်ချက်များ ပါဝင်သော အက်ဥပဒေ (မူကြမ်း) အား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာသမ္မတ၏ ဥပဒေအကြံပေးအဖွဲ့မှ အကြံပြုချက်များ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

“ ပြင်ဆင်မည့်ဥပဒေမှာ လေယာဉ်လိုင်စင်ကိစ္စ၊ လေယာဉ်မှူးတွေရဲ့ လိုင်စင်ကိစ္စ၊ လေကြောင်းပျံသန်းမှု ကိစ္စရပ်တွေ၊ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ လေဆိပ်ပတ်ဝန်းကျင်ကိစ္စတွေ ပါဝင်မှာဖြစ် ပါတယ်” ၄င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေအား ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးဖြည့်စွက်ခြင်းကို ကိုးကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။