/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 13, 2013

.

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦး အင်ဒိုရဲဖမ်းမိ


မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦး အင်ဒိုရဲဖမ်းမိ
Monday, May 13, 2013

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed ဆိုသူ တို့ကို အင်ဒိုနီးရှားရဲတွေက ဖမ်းစီး ရမိပြီလို့ သိရပါတယ်။

သြစတြေးလျ နိုင်ငံထဲမှာ ခိုလှုံခွင့် တောင်းခံလိုသူတွေကိုလူမှောင်ခို ကူးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဘီလူးဆိုသူကိုလည်း ဖမ်းစီးရမိခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှား ကမ်းလွန်မှာ လှေတစင်း နစ်မြုပ်သွားရာက လူပေါင်း ၉၀ပျောက်ဆုံးသေဆုံး ခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။

အင်ဒိုနီးရှား ရဲတွေက လူပေါင်း ၁၀၀လောက်တင်ဆောင်ထားတဲ့ လှေတစီး
ကို ဘီနိုဟာ ဆိပ်ကမ်းအနီးတဝိုက်မှာ မျောနေတာကို တွေ့ရှိခဲ့ပြီး လှေရဲ့
ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းနေတဲ့ ခိုလှုံခွင့်တောင်းလိုသူ တွေကို တွေ့ရှိခဲ့တာ
ဖြစ်ပါတယ်။

စက်လှေမောင်းနှင်သူ Iskandar and Agus ဆိုသူ ၂ဦးကိုလည်း ဖမ်းစီးခဲ့ပါတယ်။

လူကုန်ကူးဂိုဏ်းကို ဦးဆောင်နေသူကို ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ဂိုဏ်းထဲမှာ ပါဝင်ကြသူတွေက ဘီလူးဆိုတဲ့ နာမည်နဲ့သာ သိနေကြပြီး သူတို့နှစ်ဦးဟာ Jawed Muhmud and Hasan Bilu အစရှိတဲ့ နာမည် အမျိုးမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ တရားခံ ဘီလူးက သြစတြေးလျနိုင်ငံ
ကို လှေ ၄ စီးပို့ခဲ့ပြီး ဖြစ်တဲ့အကြောင်း ဝင်ခံခဲ့တယ်လို့ သိရပါတယ်။

သူနဲ့အတူ မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed တို့ ကိုလည်း ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed ဆိုသူ တို့ကို အင်ဒိုနီးရှားရဲတွေက ဖမ်းစီး ရမိပြီလို့ သိရပါတယ်။

သြစတြေးလျ နိုင်ငံထဲမှာ ခိုလှုံခွင့် တောင်းခံလို သူ တွေကိုလူမှောင်ခို ကူးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဘီလူးဆိုသူကိုလည်း ဖမ်းစီးရမိခဲ့ပြီလို့ သိရပါတယ်။


ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှား ကမ်းလွန်မှာ လှေတစင်း နစ်မြုပ်သွားရာက လူပေါင်း ၉၀ပျောက်ဆုံးသေဆုံး ခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။

အင်ဒိုနီးရှား ရဲတွေက လူပေါင်း ၁၀၀လောက်တင်ဆောင်ထားတဲ့ လှေတစီးကို ဘီနိုဟာ ဆိပ်ကမ်း အနီး တဝိုက်မှာ မျောနေတာကို တွေ့ရှိခဲ့ပြီး လှေရဲ့ ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းနေတဲ့ ခိုလှုံခွင့်တောင်းလိုသူ တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။စက်လှေမောင်းနှင်သူ Iskandar and Agus ဆိုသူ ၂ဦးကိုလည်း ဖမ်းစီး ခဲ့ပါတယ်။ လူကုန်ကူးဂိုဏ်းကို ဦးဆောင်နေသူကို ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ဂိုဏ်းထဲမှာ ပါဝင်ကြ သူတွေက ဘီလူးဆိုတဲ့ နာမည်နဲ့သာ သိနေကြပြီး သူတို့နှစ်ဦးဟာ Jawed Muhmud and Hasan Bilu အစရှိတဲ့ နာမည် အမျိုးမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ တရားခံ ဘီလူးက သြစတြေးလျနိုင်ငံ ကို လှေ ၄ စီးပို့ခဲ့ပြီး ဖြစ်တဲ့အကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

သူနဲ့အတူ မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed တို့ ကိုလည်း ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ABC Radio Australia 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။