/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 20, 2013

.

သိန်း ၁ဝဝ ခန့်တန် ကျောက်စိမ်း ရွှေလက်စွပ် ပျောက်ဆုံးမှုကို ဖော်ထုတ်ဖမ်းဆီး


https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn2/969400_379440888839722_1015479933_n.jpg

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိ ရပ်ကွက်ရှိ ----တိုက်တွင် ဧပြီ ၂၇ ရက် ည ၁ဝ နာရီခန့်က အိပ်ခန်း အတွင်းရှိ စားပွဲခုံပေါ်တွင် ထားရှိသော ကာလတန်ဖိုး ကျပ်သိန်း ၁ဝဝ ခန့် တန်သည့် ကျောက်စိမ်း ရွှေလက်စွပ်တစ်ကွင်း ပျောက်ဆုံး သွားသဖြင့် ပိုင်ရှင်က ဧပြီ ၃ဝ ရက်တွင် အမှတ်(၅)နယ်မြေ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြား ခဲ့သည်။


အဆိုပါ အမှုအား တိုင်းရဲတပ်ဖွဲ့မှူး၏ ညွှန်ကြား ချက် ဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ညီဝင်း အနီးကပ် ကြီးကြပ်ကာ နယ်မြေအတွင်း စုံစမ်းခဲ့ရာ ပစ္စည်း ပျောက်ဆုံး သော အိမ်တွင် အိမ်အကူ လုပ်ကိုင်သည့် မစပယ် (ခ) မရီရီဝင်း(ဘ)ဦးဖြူလေး ၂၈ နှစ် (ကျပန်း) အလုပ် လုပ်ကိုင်သူ၊ မိုးညှင်းလမ်း ကျွန်းတောရပ်ကွက် တွံတေး မြို့ နေသူနှင့် အောင်မျိုးခိုင်(ခ) နဂါး(ခ)လပြည့်(ဘ) ဦးစန်းမြင့် ၂၂ နှစ် (ကျပန်း) အလုပ် လုပ်ကိုင်သူ အိမ်အမှတ်(၅၉) ရွှေဥဒေါင်းလမ်း ကမ်းနား အနောက် အင်းစိန်မြို့ နေသူတို့မှ ခိုးယူသွားကြောင်း သိရှိရ သည်။ 


အဆိုပါ တရားခံများမှာ ရန်ကုန်မြို့သို့ ထွက်ပြေး တိမ်းရှောင် နေသဖြင့် ရန်ကုန်တိုင်း မှုခင်းအကူ ဌာနစိတ် အဖွဲ့နှင့် အတူ ပူးပေါင်း ဖမ်းဆီးခဲ့ရာ အမှတ်(၅) ဗိုလ်ချုပ်လမ်း လှိုင်သာယာမြို့နယ်တွင် မေ ၁၆ ရက်က တရားခံ မစပယ်နှင့် အောင်မျိုးခိုင် တို့အား ဖမ်းဆီး ရမိခဲ့သည်။ 

တရားခံ များအား နေပြည်တော်သို့ ပြန်လည် ခေါ်ဆောင်လာပြီး မေ ၁၈ ရက်က ၎င်းတို့ ရောင်းချခဲ့သော ကျောက်စိမ်း ရွှေလက်စွပ်အား သက်သေခံများနှင့် အတူ ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန်လမ်း၊ ------ ရွှေ ဆိုင်မှ ပြန်လည်သိမ်းဆည်း ရရှိခဲ့ပြီး အမှတ် (၅) ရဲစခန်းက(ပ) ၁၈/ ၂ဝ၁၃ ပြစ်မှုပုဒ်မ(၃၈ဝ)အရ ဆက် လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

ကျော်သူရ(နေပြည်တော်)

Credit : http://mixgawli.blogspot.com/2013/05/blog-post_9739.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။