/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 20, 2013

.

ယခုနှစ်အတွင်း အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခဲ့

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ် အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုဟာ ယခင်နှစ်တွေ ကထက် အ၀င် နောက်ကျခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများကို ပြီးခဲ့ တဲ့ မေလ ၁၆ရက်နေ့က စတင် ၀င်ရောက် နေပြီး မြစ်ဝကျွန်းပေါ် ဒေသ ကိုတော့ မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ အတွင်း ၀င်ရောက် နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

မိုးရာသီရဲ့ မိုးဦးကာလ တွေမှာတော့ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်းတွေမှာ မိုးဦး ကောင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်း တို့မှာတော့ မိုးဦးကာလ မိုးလျော့ နည်း နိုင်တယ်လို့ သိရပါတယ်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာတော့ မိုးဦးကာလဟာ မိုးရွာသွန်း မြဲဖြစ် နိုင်တယ်လို့ သတင်း ရရှိပါတယ်။

Myawady News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။