/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 9, 2013

.

ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး

April 8, 2013
M-Media

နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော လက်ရှိ အကြောင်းအရာများနှင့် နိုင်ငံတော်အတွင်း စည်းလုံး ညီညွတ်မှုရစေရန် ရည်ရွယ်၍ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။


အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ အလ်ဟာဂ်ျမောင်လာနာ ဦးသိန်းမြင့်၊ ဟာဂျီ ဦးမြင့်ထွန်း၊ ဟာဂျီ ဦးကျော်ခင်၊ ဟာဂျီဦးကိုကိုလတ်၊ ဦးကျော်ငြိမ်း စသူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြရာတွင် နိုင်ငံအတွင်း အေးအေး ချမ်းချမ်း နေထိုင်နိုင်ကြရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ “ညီညီညွတ် ညွတ်လုပ်ဆောင်စေဖို့ အကြံဥာဏ် ပေးစေချင်တယ်။ ဒါပေမယ့် အခက်အခဲတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုများဟာ အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နိုင်ငံတင် မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ ဒီလိုပြဿနာတွေဖြစ်တာ ဘာကြောင့်ဖြစ်သလဲဆိုတာ ဇစ်မြစ်ကို ရှာဖွေပြီး နောင်ပြဿနာတွေ မဖြစ်အောင် ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြရမယ်။ အဲဒါအတွက်ကို ကျွန်မတို့ကို အကြံဥာဏ်ပေးပါ။ အခက်အခဲတွေရှိလည်း ပွင့်ပွင့်လင်းလင်း တင်ပြပါ။

အမှန်ပြောရရင် ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပဲ။ အစိုးရအဖွဲ့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ကျွန်မတို့က ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်နေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုတော့ အစိုးရမဟုတ်လည်း တာဝန်မရှိဘူးလို့ မသတ်မှတ်ပါဘူး။ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်း တာဝန်ရှိတယ်။ ကျွန်မတို့လို နိုင်ငံရေးပါတီဆိုရင်တော့ တာဝန်မကင်းဘူး။ အခု မိတ္ထီလာမှာဖြစ်တဲ့ကိစ္စတွေကို ကျွန်မတို့ဘက်က လုပ်တာတွေကို တင်ပြရမယ်ဆိုရင် ကျွန်မတို့ဘက်က ဘာမှပြောတာဆိုတာ ကြေညာချက်တွေထုတ်တာ မရှိပေမယ့် ပထမဆုံးဖြစ်တဲ့နေ့ကတည်းက ဦးဝင်းထိန်ကို နေပြည်ကနေ မိတ္ထီလာလွှတ်လိုက်တယ်။ ချက်ချင်းကြားကြားချင်း ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ ဦးဝင်းထိန်ကလည်း သွားရမလား၊ ကျွန်မကလည်း သွားပါ၊ ချက်ချင်းသွားပါဆိုတော့ ချက်ချင်း အဲ့ဒီနေ့ကတည်းက မိတ္ထီလာရောက်သွားတယ်။ ကျွန်မတို့ တစ်ချိန်လုံး အဆက်အသွယ်ရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးလုပ်တယ်။ အခြေအနေဘယ်လိုရှိတယ်ဆိုလည်း ဦးဝင်းထိန်က တစိုက်မတ်မတ်သတင်းပို့လို့ သိခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ ကျွန်မ အမြဲပြောတာက အဲလို ပဋိပက္ခတွေမဖြစ်ဖို့အတွက် ပထမဦးဆုံးလိုအပ်ချက်က ဥပဒေစိုးမိုးရေး၊ တချို့က ကျွန်မက ဥပဒေစိုးမိုးရေးကို အလွန်အကျွံ ဇောင်းပေးတယ်လို့ထင်တယ်။ ဒါက လိုအပ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေးဆိုတာ မရှိရင် အကြမ်းဖက်မှုဆိုတာ ဖြစ်နိုင်တယ်။ အကြမ်းဖက်မှုဖြစ်ပြီဆိုရင် အပျက်အစီး အသေအကြေတွေ ရှိမယ်ဆိုရင် အရှိန်အဟုန်တက်လာတယ်။ မကျေနပ်မှုတွေ၊ ဒေါသတွေဖြစ်လာတော့ ပိုပိုပြီးတော့ ကိုင်တွယ်ရ ခက်လာတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးကို အဓိကထားပြောတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတွေ မဖြစ်အောင်လို့၊ စောစော စီးစီးကတည်းကနေ တားထားလို့ရအောင်။ တစ်ယောက်နဲ့တစ်ယောက် ဆဲရုံဆိုရုံနဲ့က မြန်မြန် ပြေလည်အောင် လုပ်လို့ရတယ်။ နောက်တစ်ဆင့် ရိုက်ရုံပုတ်ရုံနဲ့လည်း နည်းနည်းမဆိုးဘူး။

ဒါပေမယ့် သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်လာပြီဆိုရင် ပြေလည်ဖို့ရာ တော်တော်ခက်သွားပြီ။ ဒါကြောင့် ကျွန်မ ဥပဒေစိုးမိုးရေးကို ဦးစားပေးတာပါ။ ကိုဝင်းထိန်နဲ့လည်း ကျွန်မ တစ်ချိန်လုံး အဆက်သွယ် လုပ်နေတဲ့အခါမှာ ဥပဒေ စိုးမိုးရေးကိုပဲ အဓိကထားပြောတာပါ။ နောက်တစ်ခုကလည်း ကာကွယ်ရမည်။ ဒုက္ခသည်တွေကို ကာကွယ်ရမယ်။ အကြမ်းဖက်မှုကို လုံးဝ အားမပေးရဘူး။ အကြမ်းမဖက်တဲ့ဘက်က ရပ်တည်ရမယ်။ အကြမ်းဖက်တဲ့ကိစ္စတွေကို ဆန့်ကျင်ရမယ်ဆိုတာ ဦးဝင်းထိန်က တစိုက်မတ်မတ် လုပ်သွားပါတယ်။ ကျွန်မ ကြွားပြောတယ်ဆိုရင်လည်း အပြောခံရမှာပါ။ မိတ္ထီလာမှာ အစကတည်းက တတ်နိုင်သလောက် လူမှုရေးအရ လုပ်ဆောင်ပေးတာက ဦးဝင်းထိန်ဦးဆောင်ပြီးတော့ NLD အဖွဲ့က လုပ်ပေးပါတယ်။ ကျန်တဲ့ ပတ်ဝန်းကျင်က မန္တလေးစသဖြင့် မြို့တွေကလည်း ကူညီပေးပါတယ်။ ကျွန်မတို့ ကော့မှူးရွာကတောင်မှ မနေ့ကထိ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ အလုပ်နဲ့ပဲ ပြချင်တယ်။ ကြေညာချက်ထုတ်တာတို့ ပြောတာဆိုတာတို့ထက် အလုပ်နဲ့ပဲ ထိထိ ရောက်ရောက်ပြစေချင်တယ်။ ကျန်တဲ့သူတွေကိုလည်း အလုပ်နဲ့ပြတာကိုပဲ ဦးစားပေးစေချင်တယ်။ အလုပ် နဲ့ပြတယ်ဆိုတာ ပဋိပက္ခတွေ မပွားရေးအတွက်၊ နောက်ပြီးတော့ ဒုက္ခရောက်တဲ့သူတွေကို ဘယ်ဘာသာ ၀င်ပဲဖြစ်ဖြစ် တတ်နိုင်သမျှကူညီရေးအတွက် နောက် ပြေလည်ရေးအတွက်။ ဒီတော့ ကျွန်မတို့ဘက် ကတော့ ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တာကို လုပ်ခဲ့ပါတယ်။ ပိုပြီးတော့ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်တာတွေကို ကျွန်မတို့ကို အကြံဥာဏ် ပေးပါ။ နောင် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင်လို့။ ကျွန်မတို့ ဒီနိုင်ငံမှာ အေးအေးချမ်းချမ်း နေနိုင်အောင်လို့ တတ်နိုင်သမျှ ဘယ်လိုလုပ် သင့်တယ်ဆိုတာလည်း ကျွန်မတို့ကို အကြံဥာဏ်တွေ ပေးစေချင်ပါတယ်။” ဟု ပထမပိုင်းတွင် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။

ဘာသာရေးအဖွဲ့ကြီးမှ ပြန်လည်တင်ပြဆွေးနွေးရာတွင် “လေးစားရတဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ၊ NLD အဖွဲ့ချုပ် နာယကကြီးများနှင့် အစ္စလာမ့်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း၊ ယခုဖြစ်ပေါ်နေတဲ့ လုပ်ရပ်များနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက်မှုများ၊ ပြဿနာတွေ ကျယ်ပြန့်ပြီးတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်သာမက သာသနိက အဆောက်အအုံတွေ၊ ဗလီတွေဖျက်ဆီးခံရတဲ့အထိကို အကြောင်းအမျိုးမျိုးနဲ့ တင်ပြဆွေးနွေးလိုကြောင်း၊ ဥက္ကဌကြီးအနေနဲ့ ဂရုတစိုက် နားသောတဆင်ပြီးတော့ မိမိတို့ရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ အာဏာစွမ်းရှိသဖြင့် ကူညီဆောင်ရွက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း၊ မိမိတို့တွေ၏ နဖူးစာကောင်းမှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်တစ်ဦး မိမိတို့နိုင်ငံတွင် ရှိနေသည့်အတွက် အလွန်ပဲ အားရ၀မ်းသာကြောင်း၊ အစ္စလာမ်ဘာသာဝင် လူထုအနေနှင့်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေကြောင်း၊ ဒါကြောင့် ထာဝစဉ်ငြိမ်းချမ်းရေးကို လက်ဆွဲပြုထားတဲ့ အမေစုတစ်ယောက် ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖော်ဆောင်တတ်တဲ့ အမေစုအနေဖြင့် ကျွန်တော်တို့ စိတ်အားငယ်ပြီး စိုးရိမ်ထိတ်လန့်နေရတဲ့ မြန်မာနိုင်ငံရှိ မွတ်စလင်မ်များကို အားပေးမှု၊ ကူညီပေးပါရန် ယုံကြည်အားကိုးစွာဖြင့် မေတ္တာရပ်ခံပန်ကြားကြောင်း မိတ်ဆက်ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မိမိတို့ ဆွေးနွေးလိုကြသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော ပြဿနာများရေရှည်မှာ မဖြစ်အောင်ဆိုသည့်အချက်ပေါ် မူတည်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀-ခန့် ကတည်းက ပြောလိုသည်မပြောရ၊ လုပ်လိုသည်မလုပ်ရဖြင့် နေလာခဲ့ပြီးမှ ရုတ်တရက် လွန်မြောက် လာသောအခါ အသီးသီးမှာ ခံစားချက်တွေ ရှိလာခဲ့ကြပြီး၊ အမှောင်တွင်းမှ အလင်းထဲသို့ ရုတ်တရက် ရောက်ရှိလာချိန်တွင် မိမိညီနောင် အချင်းချင်း တစိမ်းပြင်ပြင် နေမိလာကြကြောင်း၊ နိုင်ငံတော်၏ သမိုင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစ္စလာမ်သာသနာရောက်ရှိခဲ့ကြောင်း၊ နိုင်ငံမှာ အများစုက ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မေတ္တာ တရားကြီးများစွာဖြင့် စောင့်ရှောက်ခဲ့ကြကြောင်း၊ ဘုရား ကျောင်းကန်များရှိခဲ့သည့်နည်းတူ ဗလီများတည်ရှိခွင့်ကိုလည်း လွတ်လပ်စွာ ခွင့်ပေးခဲ့ကြကြောင်း ပြောပါသည်။ ဆက်လက်ပြီး နိုင်ငံတော်တွင် လွတ်လပ်ရေး ဆုံးရှုံးပြီးနောက်ပိုင်း ၁၉၃၀-ခုနှစ်ခန့်ကက ဘာသာရေး အဓိကရုဏ်းစဖြစ်ခဲ့ကြောင်း၊ ရှေ့မြန်မာမင်းများလက်ထက်တွင် ဘာသာရေး အဓိကရုဏ်း ဆိုသည် မကြားဖူးခဲ့ကြောင်း၊ ၁၉၃၈-ခန့်ကနောက်တစ်ကြိမ်ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်း သည်လည်း ၁၉၃၁-ခုနှစ်ခန့်က ထုတ်ထားသည့် မော်လ၀ီ-ယောဂီစာအုပ်ကို ပြန်ထုတ်ပြီး လှုံ့ဆော်ခဲ့ကြ ကြောင်း၊ ယင်းအချိန်ကာလသည် မြန်မာ့သမိုင်းတွင် နိုင်ငံရေးဒီရေအတက်ဆုံး အချိန်ဖြစ်သည့်အတွက် အရေးကြီးဆုံး အချိန်တွင် နိုင်ငံရေးအာရုံလွှဲသည့် ဖန်တီးချက်ဟု မိမိတို့အနေနှင့် သုံးသပ်ရရှိထားကြောင်း၊ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတွင် ရိုးသားဖြောင့်မတ်ပြီး လူမျိုးဘာသာ အသီးသီးအပေါ်၌ စာနာခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာမွတ်စလင်မ်များသည် ၀န်ကြီးအဆင့်ထိ ရှိခဲ့ကြောင်း၊ လွတ်လပ်ရေး တိုက်ပွဲတွင်လည်း မွတ်စလင်မ်တွေ ကျရာတာဝန် ထမ်းရွက်ခဲ့ကြကြောင်း၊ ၁၉၆၁-ခုနှစ်တွင်လည်း မြောက်ဥက္ကလာ အရေးအခင်းဖြစ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေသော ကာလတွင် ဒီမိုကရေစီအစိုးရဖြစ်သည့် အစိုးရက ဘက်မလိုက်ပဲ ဖြေရှင်းပေးခဲ့ကြောင်း၊

၁၉၆၂-ခုနှစ်တွင် လူထုဆန္ဒအား မလေးမထားပဲ လူတစ်စုဆန္ဒသာ အလေးထားသည့်စနစ် ပေါ်ပေါက်လာပြီးနောက် လူတစ်စုမှ မိမိအာဏာ တည်မြဲရေးအတွက် နိုင်ငံသားချင်းသွေးကွဲစေရန် ကိစ္စများ စတင်ဆောင်ရွက် လာကြောင်း၊ နိုင်ငံအစိုးရက နိုင်ငံရေးအရ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး သြဇာ အာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ချက်များကို ရိုးရိုးသားသား တင်ပြရပါက ငယ်စဉ် ကျောင်းနေစဉ် ကပင် ကျောင်း၌ မှတ်ပုံတင်ပြုလုပ်သောအခါ မှတ်ပုံတင် မရှိသည့်ကလေးတွေ မတ်တပ်ရပ်သည့်ဆိုသည့် အတွက် မတ်တပ်ရပ်သည့်အခါ မွတ်စလင်မ်ကလေးတွေ မပါဘူး ပြန်ထိုင်ဟု ပြောကြောင်း၊ ပြန်ထိုင်ရပြီး သည့်အခါ ဘေးတွင်အတူယှဉ်တွဲထိုင်ခဲ့သည့် ညီနောင် သူငယ်ချင်းတွေရဲ့စိတ်ဓါတ် မတူကွဲပြားခြားနားခြင်း ဆိုသည့်အသိကို အဲ့ဒီမှာပဲ စပေးပါကြောင်း၊ မွတ်စလင်မ်တွေမှာလည်း အားငယ်စိတ်ကို စတင်ဝင်လာခဲ့ ကြောင်း တင်ပြပါသည်။

ဆက်လက်ပြီး ဘာသာရေးအဖွဲ့ကြီးမှ တင်ပြသည်မှာ – ကျောင်းတက်သည်မှ လွန်မြောက်ပြီး တက္ကသိုလ် တက်သည့်အခါတွင်းလည်း တချို့သော ဆရာ/ဆရာမများသည် ရင်ဝယ်သားပမာ ဆက်ဆံသော်လည်း အချို့မှာ ခွဲခြားဆက်ဆံမှုအပေါ် အမြစ်တွယ်လာပြီး ကုလားကလေးဟု ခွဲခြားခံရမှုများရှိကြောင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးသည်မှာ – တရားဥပဒေစိုးမိုးရေးကော်မတီအနေနှင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစိုးရပိုင်းအားလည်း တတ်နိုင်သမျှ ဆော်သြ မည်ဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ဖြင့် အပြောင်းအလဲလုပ်ဆောင်မည်ကို လုံးဝလက်မခံကြောင်း၊ အခြေအနေတစ်ခုကို ပြောင်းလဲစဉ် အကြမ်းဖက်နည်းကို သုံးစွဲသည်မှာ ယဉ်ကျေးသည့်လူများ၏ လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်း၊ လူရိုင်းများသည်သာ အကြမ်းဖက်သည့်နည်းဖြင့် ပြဿနာအား ဖြေရှင်း ကြောင်း၊ ယဉ်ကျေးသည့်သူများသည် ဦးနှောက်နှင့် နှလုံးသားအားအသုံးပြုပြီး ပြဿနာရှိပါက အကြမ်း မဖက်ပဲ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ အကြမ်း မဖက်ပဲ ဖြေရှင်းနိုင်သည့် အရည်အချင်းရှိရန်လိုကြောင်း၊ ချို့တဲ့နေသူများ၏စိတ်ဓါတ်တွင် ခံစား မှုတွေ ပြင်းထန်စွာ ရှိတတ်ကြောင်း၊ တစ်ယောက်နဲ့တစ်ယောက် ကူညီသွားရန်လိုကြောင်းများကို ပြန်လည် ဆွေးနွေး ပြောကြားဆွေးနွေးခဲ့ပြီး ၁၂း၄၀ နာရီတွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်းသိရပါသည်။

Credit : Here

6 comments:

  1. အမေစုဆွေးနွေးတာတော့ကောင်းပါတယ် ကျွန်တော်ဒို့  တိုင်းပြည် ထိုင်းနိုင်ငံတောင်ပိုင်းလိုမဖြစ်လိုပါ

    ReplyDelete
  2. အမှန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကိုဒီအထဲမပါချင်းဘူး ကုလားကိုတိုက်မဟုတ် ဒေါ်စုကိုတိုက်တာ ဒေါ်စုသာကုလားဘက်ပြောရင်
    ၂၀၁၅ မှ မဲမရတော ဒီအကွက်ရွေ့တာ

    ReplyDelete
  3. ကံ ကံ ၏အကျိုး။မေတ္တာနဲ့ စရင်မေတ္တာနဲ့ တုန့် ပြန်၏။
    လက်သီးလက်မောင်းနဲ့ စရင် လက်သီးလက်မောင်း
    တွေနဲ့ တုန့် ပြန်လာမှာပ။ကိုယ်ကလူနည်းစုလို့ ထင်
    ရင် လူများစုဖြစ်သူတွေကိုမထေမဲ့ မြင်မလုပ်ဘို့ သာ
    အရေးကြီးတာပါ။သို့ မဟုတ်ရင်လူများစုကအနိုင်ကျင့်
    တယ်ဆိုတဲ့ စွပ်စွဲချက်တွေပဲဖေါဖေါသီသီသုံးကြတော့ 
    မှာပါ။သာဓက ၁မိတ္ထိလာ။သာဓက ၂ အင်ဒိုနီးရှားတို့ 
    ဖြစ်ရသည့်အကြောင်းရင်းက မကွာခြားပါ။

    ReplyDelete
  4. စုကြည်လည်းကုလားစူဠဘရိယာဖြစ်တော့မယ်ထင် တယ်ဟားဟားဟားးးးးးးးးးးးးးး

    ReplyDelete
  5. အာချောင်တဲ.အကောင်တွေကောင်မတွေ၇ပ်ဖို.သင်.ပြီ နင်တိုကဒေါ်စုလောက်ပညာတတ်လိုလားခွေလိုအူမနေကြနဲ.နေ၀င်းနဲခင်ညွန်.လက်ထက်တုံကနင်တိုဘာဆို.ထားလဲနင်တိုအဲဒီတုံကဖင်ထဲကချီးတောင်အသံကျယ်ကျယ်မထွက်၇ဲဘဲနဲငြိမ်ငြိမ်နေစမ်းပါတ၇ုတ်ကိုတော.ကြောက်လိုက်တာ

    ReplyDelete
  6. ဘယ်သူကဘယ်လိုပဲယူဆယူဆ...အမေစုကလုပ်သင့်တာလုပ်တာကိုတကယ်လေးစားပါတယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။