/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 9, 2013

.

ယဉ်ကြောရှုပ်ထွေးနချိန်ထိုင်ရာမထ၀ီစီမှုတ်နေသောယာဉ်ထိန်းရဲများအားစစ်ဆေးအရေးယူသွားမည်ဟုဆို


ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောရှုပ်ထွေးနေသောနေရာ များသို့သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေသည့် ယာဉ်ထိန်းရဲများအား စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိတစ် ဦးကပြောသည်။


ရန်ကုန်မြို့အတွင်းလမ်းဆုံ များ၊ မီးပွိုင့်များနှင့်လမ်းမကြီးများ တွင် ယာဉ်ထိန်းရုံးငယ်များထားရှိ ပြီး လမ်းပိတ်ဆို့မှုများအားရှင်းလင်း ရန်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များ အား မြန်ဆန်စွာစစ်ဆေးနိုင်ရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသော်လည်း တချို့ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ မှာတာဝန်ပျက်ကွက်မှုများရှိနေ သည့်အတွက် အဆိုပါ တာဝန်ပျက် ကွက်သည့်ယာဉ်ထိန်းရဲများအား သက်ဆိုင်ရာမြို့နယ်အလိုက်ယာဉ် ထိန်းတပ်ဖွဲ့စုမှူးများက စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးယူဆောင်ရွက်တဲ့ အပေါ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယတပ်ဖွဲ့ခွဲမှူးရဲမှူးကယာဉ် ထိန်း တပ်ဖွဲ့အနေနဲ့ အရည်အချင်း ရှိတဲ့ ၀န်ထမ်းတွေမွေးထုတ်ဖို့လို တယ်။ တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေ ကိုလည်း စစ်ဆေးပြီး အရေးယူသွားမှာပါ။ ဒါအပြင် တချို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ကဒီလိုအချိန်မှာ ယာဉ်ရှုပ်နေတဲ့နေ ရာကိုမသွားဘဲနဲ့ ထိုင်ပြီးစကား ပြောနေခြင်း၊ စာထိုင်ဖတ်နေခြင်း တွေကို သက်ဆိုင်ရာ မြို့နယ်တွေ ရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးများက ရှောင်တခင်လှည့်ပတ်စစ်ဆေးသွား မှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

ပထမအကြိမ်အနေဖြင့် အသိပေးဆုံးမပြီး ဒုတိယအကြိမ် တာဝန်ပျက်ကွက်ပါကနေရာပြောင်း ရွှေ့မူနှင့် ရာထူးလျော့ချမူစသည့် အပြစ်ဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်းယာဉ်ထိန်း ရဲတပ်ဖွဲ့အင်အားကို ၁၄၀၀ ဦး အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

Credit : Here

4 comments:

  1. လမ်းမှားပြ။မီးပွိုင့် မှားပြမိလို့ ဘုရားသခင်ထက်ကြီးသူတွေက
    ရုံးခန်းခေါ်ပြီးပါးချခံရမှာလဲကြောက်တာပေါ့။ကြောက်တာ
    ထက်အရှက်ကွဲရတာကတစ်သက်လုံးအတွက်ဖူလုံလို့ 
    နေမှာပါ။

    ReplyDelete
  2. မှားယွင်းချွတ်ချော်သွားရင်ဘုရားသခင်ထက်ကြီးတဲ့ လူတွေ
    ကရုံးခန်းခေါ်ပြီးပါးချတာခံရမှာမို့ လို့ ပါ။ကြောက်တာထက်အရှက်
    ကွဲရမှာကပိုဆိုးနေလို့ ဖြစ်မှာပါ။ကိုယ်ချင်းစာတရားအပြန်အလှန်ထားရှိဘို့ လေးပဲလိုတာ
    ဖြစ်မှာ

    ReplyDelete
  3. သူငယ်ချင်းတို့ပြောတာလဲမှန်တယ်

    ReplyDelete
  4. သူတောင်းစား တွေ က သူ တို့ပ ထွေး လမ်း ကြောင်း ရှိမှ လမ်း တွေ point တွေ မှာ မြင် ရ တာ။ ပြည် သူ တွေ ယဉ် တိုက် သေသေ ရှင်ရှင် သူ တို့ အ ရေး လုပ် တာ မ ဟုတ် ဖူး။ ဒါ ကြောင့် ဖိုး လ ပြည့် သမ တောင် နည်း သေး တယ် လို့။ ဒါပါ ပဲ ကွယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။