/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 1, 2013

.

ဧပြီ ၁၁ ရက်တွင် လှည်းတန်းခုံးကျော်တံတား၌ မော်တော်ယာဉ် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်မည်

လာမည့် ဧပြီ ၁၁ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတားပေါ်၌ မော်တော်ယာဉ်များ စမ်းသ ပ်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ သိရသည်။

ရန်ကုန်မြို့ရှိ ခုံးကျော်တံတား စီမံကိန်းများအနက် ပထမဆုံး စတင်ဆောက်လုပ်ခဲ့သည့် လှည်းတန်း ခုံးကျော်တံတားမှာ ၉၅ ရာခိုင်နှုန်းကျော်အထိ ပြီးစီးနေပြီဖြစ်ပြီး လာမည့် သင်္ကြန်မတိုင်မီကာလ ဧပြီ ၁၁ ရက်တွင် မော်တော်ယာဉ်များ စမ်းသပ်မောင်းနှင်စေမည် ဖြစ်သည်။

၂၀၁၂ ခုနှစ် မတ် ၁၁ ရက်တွင် တံတားစီမံကိန်း စတင်ပန္နက်တင် ပြုလုပ်ခဲ့ပြီး တည်ဆောက်မှုများ ဆောင်ရွက်ခဲ့သည့် လှည်းတန်းခုံးကျော်တံတား ပြီးစီး၍ ဖြတ်သန်းမောင်းနှင် နိုင်တော့မည်ဖြစ်ရာ အဆိုပါ မီးပွိုင့်လမ်းဆုံတစ်ဝိုက် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျသွားနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တံတား တည်ဆောက်ရေး လုပ်ငန်းမှ ကျွမ်းကျင်အင်ဂျင်နီယာများက သုံးသပ်ကြသည်။

သို့ရာတွင် စမ်းသပ် မောင်းနှင်မှုများ ပြုလုပ်ရန် လိုအပ်ချက်များ၊ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများ၊ မီးပွိုင့်အချက်ပြစနစ် စသည့်ယာဉ်ထိန်း အင်ဂျင်နီယာ လုပ်ငန်းများကိုလည်း ထပ်မံဖြည့်စွက်သွားမည် ဖြစ်ရာ စမ်းသပ်မောင်းနှင်ရန် စစ်တမ်းပြန်လည် ကောက်ယူသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။