/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 1, 2013

.

ပုဂ္ဂလိကပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ် ဆန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး နစ်မြှုပ်

ရန်ကုန်မြို့ကနေ ပုသိမ်ကိုပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ်ဟာ မတ်လ ၃၁ ရက် နေ့က ရန်ကုန်မြို့က ထွက်ခွာသွားပြီး ည ၈ နာရီခွဲအချိန်မှာ တွံ့တေးမြို့နဲ့ ၇ မိုင်ခန့်အကွာ ဆူးကလပ်ရွာ အနီးတွင် ဆန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး နစ်မြှုပ်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

သဘောင်္တိုက်မိမှုကြောင့် ကျား ၁ ဦး၊ မ ၁ ဦးသေဆုံခဲ့ပြီး လူ ၃၀ ကျော်ပျောက်ဆုံးနေကြောင်း အခင်း ဖြစ်ပွားရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

ဒီသင်္ဘောတိုက်မိမှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Credit :

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။