(၂၀၁၃-၂၀၁၄)ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ(၁)ရက်နေ့မှစတင်ပြီး Public
Access Center (PAC)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှုန်းထားများကို လျှော့
ပေါ့ကောက်ခံသွားမှာဖြစ်ကြောင်း ဆက်သွယ် ရေးနှင့်သတင်းအချက်
အလက်နည်းပညာ ဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ပြောင်းလဲကောက်ခံသွားမည့် နှုန်းထားများမှာ ကနဦးလိုင်စင်(၅) သောင်း
ကျပ်၊ နှစ်စဉ်ကြေး(၆)ထောင်ကျပ်၊ ပျက်စီး/ ပျောက်ဆုံး(၁)ထောင်ကျပ်နဲ့
နောက်ကျကြေး(၁)ရက်ကို(၁၀၀)ကျပ်တို့ဖြစ်သည်။
ယခင် PACဝန်ဆောင်
မှုလုပ်ငန်းဆိုင်ရာ လိုင်စင်အခွန်အခကောက်ခံသည့် နှုန်းထားများမှာ
ကနဦးလိုင်စင်ကျပ်(၅)သိန်း၊ နှစ်စဉ်ကြေးကျပ်(၃)သိန်း(၆)သောင်း၊ ရက်လွန်ကြေး တစ်ရက်ကိုကျပ်(၁)ထောင်တို့ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် PAC ဝန်ဆောင်မှုလုပ်ငန်း
လိုင်စင်များကို(၂၀၁၁-၂၀၁၂)ဘဏ္ဍာနှစ်မှစတင်ကာ လုပ်ငန်း လုပ်ကိုင်ခွင့်
များ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Credit : Here
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။