/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 27, 2013

.

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်

ပြည်မြို့နှင့် အနီးဝန်းကျင်ဖြစ်သည့် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ယနေ့ (မတ်လ ၂၇ ရက်) ညမှစတင်၍ ည ၁၀ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရသည့် ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်သည်။ ယင်း အမိန့်ကြေညာစာ အမှတ် ၆၄/၂၀၁၃ အား ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် ည ၈ နာရီ ၃၀ မိနစ်တွင် လိုက်လံကြေညာခဲ့သည်ဟု သိရသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်

ပြည်မြို့နှင့် ပြည်မြို့အနီးဝန်းကျင်ဖြစ်သည် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် လှိုင်မိုးဝင်းက "လက်ရှိ ပဋိပက္ခတွေ ဖြစ်နေလို့ ပုဒ်မ ၁၈၈ ကို ထုတ်ပြန်တာ မဟုတ်ပါဘူး။

ပြဿနာတွေဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလိုဆောင်ရွက်တာပါ။ ဒီဒေသမှာ ဘာပြဿနာမှ မရှိပါဘူး။ တည်ငြိမ်နေပါတယ်" ဟု Eleven Media Group သို့ မတ်လ ၂၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။