/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 12, 2013

.

ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မတ် ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံလုံး ဆိုင် ရာ ညီလာခံအပြီးတွင် နိုင်ငံရေးဝါဒ သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်လိုက်ရာ မူဝါဒ သေ ဘာ ထားများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုံးဝမပါရှိပေ။

၂၀၁၂ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တ ရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး အပါအ၀င် ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ညီလာခံအပြီး ထုတ်ပြန်သော မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ် များတွင် ဖွဲ့စည်းပုံ အခြေခံ ဥပေ ဒ ပြင်ဆင်ရေး မပါ ၀င်တော့ဘဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အုတ်မြတ် ခိုင်မာရေး၊ တရားဥပဒေ စိုး မိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပေါ်တွင် အခြေခံသော ဖွံ့ဖြိုး တိုးတက်ရေးတို့ တည်ဆောက် မည် ဟူေ သာ မူဝါဒ များသာ ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို စွန့်လွှတ်ခြင်း မဟုတ်၊ သို့ရာတွင် အဖွဲ့ ချုပ်၏ နိုင်ငံရေးသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်တွင် အဘယ်ကြောင့် မထည့်သွင်းထားသနည်း ဆိုသည် ကိုမူ မိမိ နားမလည်ဖြစ်ရကြောင်း ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တော့ နားမလည်ဘူး။ ဘာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး မပါလာတာလည်း မသိဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လမ်းစဉ်ကို မပစ်ပယ်ဘူး။ ရိုးရိုး ချွတ်ချော်သွားတာပါ။ ဒေါ်အောင်ဆန်း စု ကြည် လည်း အကြိမ်ကြိမ် ပြောနေတာပဲ။ ဒီ သဘောထား ပြောင်းတာမျိုး မဟုတ်ဘူး။ ကျနော် လည်း ဆွေးနွေး တဲ့အထဲမှာ မပါဘူး။ ဗဟို အလုပ်မှုဆောင်တွေပဲ ဆွေးနွေးကြတာ” ဟု ဦးဝင်းတင်က ဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရမည်ဖြစ်ပြီး လူထုလူတန်းစား အသီးသီး ပါဝင်သော နိုင် ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး လူထုသဘောထား ထုတ်ဖော်ကာ လွှတ်တော် ကိုယ်စား လှယ် များနှင့် လွှတ်တော် သို့ အသိပေးရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။

“အခြေခံဥပဒေပြင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီလုပ်ရမယ်။ ဒုတိယအချက်က လမ်းပေါ် ထွက်ရ မယ်။ လမ်းပေါ်ထွက်ဆိုတာ ဆန္ဒပြဖို့မဟုတ်ဘူး။ လမ်းဘေးတွေမှာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ အခြေ ခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေး ရှင်းလင်းပွဲတွေ လုပ်ရမယ်။ နိုင်ငံရေး ပါတီတွေကလည်း လုပ် ရမယ်။ ဒါမှသာလျှင် လူထုအကြံပြုချက်တွေ ပေါ်လာမယ်။ ဆုံးဖြတ်ချက် ပေါ်လာမယ်။ လူထုထောက် ခံ တာေ တွ ပေါ်လာမယ်။ သူတို့ သဘောထားတွေ ပေါ်လာမယ်။ ဒါတွေ အကုန်လုံးက ပြည်သူ့အ သံေ တွပဲ။ ဒီ အ သံတွေကို လွှတ်တော်ထဲ ပို့ရမယ်။ တိုင်းပြည် ရဲ့ဆန္ဒ၊ တိုင်းပြည်ရဲ့ သဘောထားတွေ လွှတ်ေ တာ် ထဲ ရောက် သွားရင် လွှတ်တော်က သိပ်ငြင်းလို့မရတော့ဘူး” ဟု ဦးဝင်းတင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုအလုပ်မှုဆောင်လည်းဖြစ်၊ မင်္ဂလာတောင်ညွှန့် မြို့နယ် ပြည်သူ့ လွှတ်ေ တာ် ကိုယ်စားလှယ် လည်းဖြစ်သူ ဒေါ်ဖြူဖြူသင်းကလည်း အဖွဲ့ချုပ်နာယက ဦးတင်ဦး ကိုယ်တိုင် နိုင်ငံလုံး ဆိုင်ရာညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အလေးပေးပြောဆို ခဲ့ကြောင်း၊ သို့ ရာ တွင် မည်သည့် အတွက်ကြောင့် မူဝါဒ တရပ်အဖြစ် မပါဝင်လာမှုကို မသိ ရှိကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံနှင့် ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်ကမူ ဖွဲ့စည်း ပုံပြင်ဆင်ရေးသည် ရွေးကောက်ပွဲ ကြေညာစာတမ်းသာဖြစ်ပြီး အဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒ သဘော ထားနှင့် ရှေ့ဆက်လုပ်ငန်းစဉ်တွင် မပါဝင်သော်လည်း ထိုမူဝါဒကို စွန့်လွှတ်ခြင်း မဟုတ်ကြောင်း ပြောဆို သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များတွင် နိုင်ငံရေးဝါဒ၊ နိုင်ငံခြားရေး၊ တိုင်းရင်းသားလူမျိုးများ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပ ညာရေး၊ လယ်ယာလုပ်ငန်း၊ အလုပ်သမား၊ ကျောင်းသားလူငယ်၊ လူထုဘ၀သက်သာချောင်ချိရေး၊ သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော၊ ရိုးရာဓလေ့ထုံးတမ်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့ပါဝင်သည်။

ကာကွယ်ရေးနှင့် လုံခြုံရေးအပိုင်းတွင် တပ်မတော်အပေါ် အဖွဲ့ချုပ်၏ သဘောထားများ ရှင်းလင်းေ ဖ်ာပြ ထားပြီး တပ်မတော်သည် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သောအဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ေ ကြာ င်း၊ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်ကို ကာကွယ်ဖြည့်ဆည်းသော အင်အားစုဖြစ်ရေး၊ ခေတ်မီ တပ်မေ တ်ာဖြစ်ေ ရး၊ ပြည်သူ့ချစ်ခင်သော တပ်မတော်ဖြစ်ရေး၊ တပ်မတော်နှင့်ကာကွယ်ရေး ယန္တရား တရပ် လုံး သည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင် ရှိရေး တို့ကို အဖွဲ့ချုပ်၏ သဘောထားအဖြစ် ထုတ်ပြန်ဖော်ပြ ထား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံက ဗဟိုကော်မတီဝင် ၁၂၀၊ ဗဟိုအလုပ် အမှုေ ဆာင် အဖွဲ့ဝင် ၁၅ ဦးတို့ကို ရွေးချယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ဦးဥာဏ် ၀င်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဦးဝင်းထိန်၊ဒေါက် တာေ ဇ်ာမြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက် တာ ဦးမျိုးအောင်တို့ဖြစ်သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။