/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 12, 2013

.

လူ့အခွင့်အရေး ပညာပေးနည်းပြ သင်တန်းဖွင့်လှစ်မည်

လူ့အခွင့်အရေး ပညာပေး နည်းပြသင်တန်းကို လာမည့် မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ရန်ကုန်မြို့ Equality Myanmar ၌ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း ၊ မကွေး ၊ ပဲခူး ၊ ဧရာဝတီ ၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှ လူ့အခွင့်အရေး အကြောင်း ဆိုင်ရာများကို နည်းပြ အဆင့်အထိ လေ့လာလို သူများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် လူ့အခွင့်အရေး နှင့် သမိုင်းကြောင်း ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ၊ အမျိုးသမီးများ အခွင့်အရေး ၊ ကလေး အခွင့်အရေး နှင့် မသန်စွမ်း သူများဆိုင်ရာ အခွင့်အရေး စသည့် နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များ ၊ လူ့အခွင့်အရေး ကို နိုင်ငံတော် ရှုထောင့်မှ သုံးသပ်ခြင်း စသည့် သင်ခန်းစာ များဖြင့် သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉- ၄၄၈၀ ၂၃၅၆၉ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။