/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 12, 2013

.

ကယားပြည်နယ်တွင် ပါတီဝင် ၁၀၀၀၀ ကျော်စုပေါင်းနှုတ်ထွက်သွားမှုအား စုံစမ်းရန် ဦးဝင်းတင်မှ ဗဟိုလူငယ်အဖွဲ့အားတာဝန်ပေးအပ်။


NLD ပါတီ ဗဟိုနာယကဦးတင်ဦး၏ ဦးဆောင်မှုဖြင့် ဦးဝင်းတင်သည် NLD ပါတီလူငယ် ညီလာခံကို ဆက်လက်ပြုလုပ်သွားရန်အတွက် ဗဟိုလူငယ်ညီလာခံ ကျင်းပရေးကော်မတီ အဖွဲ့ဝင် လှဦး(မန္တလေး) အားတာဝန်ပေးအပ်ထားကြောင်း၊ ဦးဟံသာမြင့်အား ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်သွားခြင်းအပေါ် မတ်လ(၁၃)ရက်နေ့မှစတင်၍​ စုံစမ်းဖေါ်ထုတ်သွားရန် တာဝန်ပေးအပ်ထားကြောင်း၊ ကယားပြည်နယ်မှ ပါတီဝင်များနှုတ်ထွက်သွားမှုဖြစ်စဉ်၏ နောက်ကွယ် တွင် မည်သူရှိနေသည်ဆိုသော အချက်ဖေါ်ထုတ်ရန်ဖြစ်ကြောင်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြို ပြင်ဆင်စည်းရုံးသွားရာတွင် မကွေးတိုင်းစည်းဟောင်း ဦးခင်ဇော်မှ ကြပ် မတ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း၊ စည်းရုံးရာတွင် တိုင်း၊ခရိုင်၊မြို့နယ်၊ ရပ်ကျေး အဆင့်ထိကွင်းဆင်း၍ NLD မှ ဖွင့်လှစ်ထားသော အခမဲ့စာသင်ကျောင်းများတွင် စာသင်ကြားမှုများ တိုးမြှင့်စည်းရုံးရန်၊ ပြည်ခိုင်ဖြိုး ပါတီနှင့် NLD ပါတီတို့၏ အမှတ်တဆိပ်၊ အလံမတူညီပုံများအား ရပ်ကျေးနေပြည်သူများ သိရှိနားလည်စေ ရန် လိုက်လံရှင်းလင်းပြသသည့်လုပ်ငန်းများဆောင်ရွက်ရန် NLD ပါတီ စည်းအဖွဲ့ဝင်များထံသို့ ယခု ညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သော CC အဖွဲ့၊ ဗဟို ကော်မတီအဖွဲ့ဝင်များမှ ဦးဆောင်ကာ ရပ်ကျေး အဆင့်ထိလိုက်လံစည်းရုံးလှုံ့ဆော်သွားမှာဖြစ်ကြောင်း

ဒေါ်စုကြည်သမ္မတဖြစ်လာစေရန်အဓိကထား စည်းရုံးသွားရာတွင် ဦးဥာဏ်ဝင်းနှင့် ဦးဝင်းထိန် တို့မှ ဦးဆောင်၍​ပြည်တွင်းရှိမဟာမိတ်အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ NGO အဖွဲ့များ၊ သံတမန်များ၊ ကုလသမဂ လက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ခံများနှင့် ဆက်သွယ်၍​ အပြုသဘောပူးပေါင်း ဆောင်ရွက် သွားရန်စီစဉ်ထားကြောင်း

NLD ပါတီ ဗဟိုသဘာပတိအဖွဲ့ဝင် ဦးဝင်းတင်သည် ကယားပြည်နယ်မှ NLD ပါတီဝင် အဖြစ်မှ နှုတ်ထွက်သွားသောပါတီဝင် တစ်သောင်းကျော်ကိစ္စနှင့်ပက်သက်၍ ဘေးပရောဂကြောင့်ဟု NLD ဗဟိုအဖွဲ့ဝင်များဘက်မှ ယူဆထားသောကြောင့် လူငယ်အဖွဲ့ဝင်များဖြစ်ကြသော လှဦး (မန္တလေး)၊ အေးထွန်း(ရန်ကင်း)၊ မျိုးညွန့်(အလုံ) တို့အား ယင်းကိစ္စ စုံစမ်းဖေါ်ထုတ် သွားရန်တာဝန်ပေးအပ်ထား ကြောင်း၊ အဆိုပါ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သွားသူများသည် ယခု ကယားပြည်နယ်ကို ကိုယ်စားပြု တက်ရောက်လာသော ဦးခင်မောင်ချို၊ ဦးဝင်းလှိုင်၊ ဦးခွန်မိုး၊ ဦးသက်တင်၊ ဒေါ်နန်းညွန့်ရီလှိုင်၊ ဦးကိုကိုဦး၊ ဦးမြမောင်၊ ဦးထွန်းရီတို့ကို ဗဟိုညီလာခံကော်မရှင်ဥက္ကဌ ဦးတင်ဦး၏ တဖက်သက်တာဝန် ပေးအပ်ခဲ့ခြင်းအပေါ် ကယားပြည်နယ် NLD ပါတီဝင်များအကြား သဘောထားကွဲနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။