/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 28, 2013

.

တောင်သာမြို့နယ်အသင်း နာယက ဦးအောင်သောင်း တောင်သာမြို့နယ်အသင်း(မန္တလေး) ပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား တက်ရောက်


တောင်သာမြို့နယ်အသင်း(မန္တလေး) ပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို မတ်လ(၂၆)ရက်နေ့၊ နေ့လည်(၁းဝ၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် စင်္ကြာသီဟဘုရားဝင်းအတွင်းရှိ ဝေဇယန္တာဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ တောင်သာ မြို့နယ်အသင်း နာယကကြီး ဦးအောင်သောင်းနှင့် အလှူရှင်များ၊ အသင်းဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အသင်းသား/သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ အသင်းနာယကကြီး တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ အမှတ်(၁)စက်မှု ဝန်ကြီး(ငြိမ်း) သီရိပျံချီ ဦးအောင်သောင်းမှ တောင်သာဒေသဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများနှင့် အသင်း ရေရှည် တည်တံ့ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။



၎င်းနောက် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တောင်သာမြို့နယ် အသင်းဝင် ဦးဝင်းမောင်၊ တောင်သာ မြို့နယ်အသင်း(မန္တလေး)ဥက္ကဋ္ဌ ဦးစိုးမြင့်၊ တောင်သာ မြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဆွေတို့မှ အမှာစကားအသီးသီးပြောကြားပြီး အတွင်းရေးမှူးဦးစိုးလွင်မှ နှစ်ပတ်လည်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်သူများကို အသင်းနာယကကြီးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြု ချီးမြှင့်ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

JAGUCO မြန်မာ အင်တာနေရှင်နယ်ကိုးလီမိတက်၊ မန်နေဂျင်း ဒါရိုက်တာ၊ အသင်းအမှုဆောင် Dr ခင်မောင်ဝင်းနှင့် ဇနီးဒေါ်ခင်ခင်ငြိမ်းမိသားစုမှ အသင်းသို့ အလှူငွေကျပ်(၁၅)သိန်းကို ပေးအပ်လှူဒါန်းရာ အတွင်းရေးမှူးမှ လက်ခံရယူ ပါသည်။

ဆက်လက်၍ တက်ရောက်လာသော တောင်သာမြို့နယ်အသင်း(မန္တလေး) ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည် တော်များအား ဗလာမပါကံစမ်းမဲများအား အသီးသီး မဲဖောက်ပေးခဲ့ကြောင်း သိရသည်။




Credit : Email သို့ပို့လာ၍ ဖော်ပြသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။