/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 1, 2013

.

နန်းခင်ဇေယျာ အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၏ သံတမန် ခန့်လိုက်ပြီ


ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင် ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီ ၀တ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင် ပါဝင်ပေးခြင်း များကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ေ ကြာင်း ဘော လုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူကပြော သည်။

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ် လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ်တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ် အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ် တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုး တန် အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများ တင် မက နိုင်ငံတကာ ပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမ ယုံကြည်ပါတယ်။ အနီးစပ် ဆုံးအနေနဲ့ ယခုကျင်းပ တော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမ တို့ မြန်မာ့ လက်ရွေးစင် အသင်း ဖြတ်ကျော် အနိုင်ရရှိဖို့ အတွက် ၁၂ယောက်မြောက် ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက် အားပေး ကြရအောင်နော် ... " ဟု နန်းခင်ဇေ ယျာ က သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။