/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 30, 2013

.

ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင်များနှင့် အမေရိကန် သံအမတ်ကြီးတို့ တွေ့ဆုံ


အကြမ်းဖက် ဆူပူမှုများ အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရန်နှင့် မြန်မာ့ဒီမိုကရေစီ အနာဂတ်လမ်းကြောင်း ပိုမိုတိုးတက်ကောင်းမွန် ခိုင်မာစေရေးအတွက် မတ် (၂၉) ရက် ညနေ ၃ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းပုဂ္ဂိုလ်တို့နှင့် အမေရိကန်သံအမတ်ကြီးတို့ ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေ့ ဆုံ ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ၌ အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ပထမဦးဆုံအကြိမ် ဖြစ်သည် ဟု ပါတီ ဒုတိယဥက္ကဌဖြစ်သူ ဦးဌေးဦးက ပြောသည်။အမေရိကန် သံအမတ်ကြီးနှင့် ဆွေးနွေးမှုပြုလုပ် ရာတွင် ပါတီဒုတိယ ဥက္ကဌဖြစ်သူ ဦးဌေးဦး၊ ပါတီအတိုင်ပင်ခံ ဦးအောင်သောင်းတို့ တက်ရောက်ခဲ့သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။