/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 22, 2013

.

ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force


ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသသွားခဲ့ပါတယ်။ တကယ် ထူးထူးခြားခြား ပါပဲ။ ရေ နဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စား ကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ် အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့....

အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက် မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာဖြစ် ပါတယ်။ ဟိုးယခင် အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင် ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာ အဖြစ် အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်း စနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေး ထားတာ ဖြစ်ပါတယ်။Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များ အတွင်း ထုတ်လုပ်ရောင်းချ နိုင်တော့ မှာဖြစ်တယ်လို့ သိရပါတယ်။

http://amayeainn.blogspot.com/2013/02/mercedes-benz-ener-g-force.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။