/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 22, 2013

.

ထိုင်းတက္ကသိုလ် ပညာတော်သင်ဆု မြန်မာ တို့ လျှောက်ထားနိုင်

ပညာတော်သင်ဆုကို ဒီနှစ်အတွက် ၁၀ ယောက် ရွေးချယ် မှာဖြစ်ပြီး လျှောက်လို့ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့  အဲဒီတီမာဆတ် တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ပညာသင်ယူနေတဲ့ ကျောင်းသူတဦးက RFA ကို အခုလိုပြောပြပါတယ်။

“အာဆီယံ၁၀ နိုင်ငံကဘယ်သူမဆိုပေါ့နော်အကုန်လျှောက်ခွင့်ပေးတယ်၊အဲဒါကျမက မြန်မာနိုင်ငံက ကျောင်းသားဆိုတော့ မြန်မာပြည်က ကျောင်းသားတွေအတွက် ဒါတွေကိုလက်ဆင့်ကမ်းပေးပါပေါ့၊ကျမတို့ဆရာကပြောတယ်။ ပေးမှာက ၁၀ ယောက်ဆိုတော့ တကယ်လို့ ဒီ့ပြင်နိုင်ငံတွေက မလျှောက်ပဲနဲ့ မြန်မာဖက်က များမယ်ဆိုရင်လည်း သူတို့ ၁ဝ ယောက် ဆယ်စုပြည့်အောင်တော့ ရွေးမှာပေါ့နော်၊ ကျောင်းအပ်ခကို တက်တဲ့ကာလအထိ Graduate Program အကုန်လုံး အတွက်ပေါ့နော်။ ကျောင်းကတာဝန်ယူပေးမှာပါ”
ဒီနှစ်က ပထမဆုံးပေးမယ့် ပညာတော်သင်ဆုဖြစ်တဲ့အတွက် လျှောက်မယ့်ကျောင်းသားတွေအတွက် အရည်အချင်းသတ်မှတ်ချက် လျှော့ပေါ့ပေးထားတယ်လို့သိရပါတယ်။

သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ အစားအသောက်နဲ့ နည်းပညာ၊ ဇီဝဗေဒ၊ သင်္ချာ၊ ကျေးလက်ဖွံ့ ဖြိုးရေးနည်းပညာ၊ စိုက်ပျိုးရေး၊ ဓာတုဗေဒ၊ သဘာဝနည်းကျ စိုက်ပျိုးရေးစီမံခန့်ခွဲမှု၊ အသုံးချစာရင်းအင်းဗေဒ တို့ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ EU ဥရောပသမဂ္ဂပုံစံ လူ့အဖွဲ့အစည်း တည်ထောင်ဖို့ စိုင်းပြင်းနေတဲ့ အာဆီယံ အသင်းရဲ့ စီမံချက်ကို အထောက်အကူဖြစ်ဖို့ ဒီပညာတော်သင်ဆု အစီအစဉ်ကို ယခုနှစ်ကနေ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။