/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 13, 2013

.

မထသ သို့ ဝက်ဘ်ဆိုက်မှတဆင့် တိုင်ကြားနိုင်



ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားစီးနင်းမှုတွင် ခရီးသည်များ ဘက်မှ ကျေနပ်မှုမရှိ ပါက မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) သို့ ဝက်ဘ်ဆိုက်မှ တဆင့် တိုင်ကြားနိုင်ကြောင်းသိရသည်။

ယခင်က ဖုန်းဖြင့်သာ တိုင်ကြားနိုင်သော်လည်း ယခု kyawthiha.john@mhtcentral.org.mm သို့ တိုင်ကြားနိုင်ခြင်းဖြစ်ပြီး ၊ ဖြေရှင်းမှုများအား www.mhtcentral.org.mm ဝက်ဘ်ဆိုက်မှ တဆင့် လွှင့်တင်ပေးမည်ဖြစ်သည်။

“ဘတ်စ်ကားနဲ့ ပတ်သတ်တဲ့ ကိစ္စမှန်သမျှ အကုန်တိုင်လို့ရတယ် ” ဟု မ.ထ.သ အတွင်းရေးမှူး ဦးဘမြင့် ကပြောသည်။ မ.ထ.သ လက်အောက်ရှိ ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားအများစုမှာ မှတ်တိုင်ကျော် ရပ်ခြင်း၊ သတ်မှတ်ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်း၊ လူပိုတင်ခြင်းအစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ခြင်းဖြစ်သည်။

သတ်မှတ်ခေါက်ရေအတိုင်း မဆွဲဘဲ ခေါက်တိုးပြေးဆွဲမှုမျိုးနှင့်ပတ်သက်၍ ကားနံပါတ်နှင့်အချိန်ကို မှတ်ထား၍ မထသ (ဗဟို) သို့ လိပ်မူပြီး တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလာသော စာများကို ဗဟိုသို့ တင်ပြကာ ဗဟိုမှ တာဝန်ယူ ဖြေရှင်းပေးနေကြောင်း သိရသည်။

“တချို့ဘက်စ်ကား တွေမှာ ဖုန်းနံပါတ်က ပျက်နေပြီ မကျေနပ်တာရှိရင် ဘယ်ကိုတိုင်လို့တိုင်ရမှန်း မသိဘူး၊ အခုလို ဝက်ဘ်ဆိုက်မှာ တိုင်လို့ ရနိုင်မယ့်အပြင် ကားတွေပေါ်မှာ ဖုန်းနံပါတ် တွေကို သေသေ ချာချာပြန် ရေးပေးသင့်တယ် ”ဟု အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ဝက်ဘ်ဆိုက်တွင် မထသနှင့် ပတ်သက်၍ သတင်းများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Myit Makha Mediagroup

11 comments:

  1. www.mhtcentral.org.mm
    အထက်ဖော်ပြလိပ်စာမှာ ၀င်ရောက်ကြည့်ရှုလို့မရကြောင်း
    အသုံးပြုလို့ရအောင် ပြုပြင်စေလိုသည်။

    ReplyDelete
  2. ဘယ်လိုတိုင်ရမှာလဲ

    ReplyDelete
  3. မထသ၄၈ သန်လျင် ကားတွေကမြို့ထဲလမ်း၅၀ကျော်ရင်
    ၃၀၀တွေပဲတောင်းတယ်
    ဘယ်ကားမှတောင်းတာမရှိဘူး
    ၂၀၀ကားတွေပဲ။
    ဆက်ဆံရေးလည်းဆိုးလွန်းတယ်။

    ReplyDelete
  4. မထသ၁၂၄
    ဆက်ဆံရေးအရမ်းညံ့တယ်
    ပိုက်ဆံပြန်အမိးဖို့ကိုမသိချင်ယောင်ဆောင်နေကြတယ်

    ReplyDelete
  5. တိုင်​ကြားထားေ​သော ကိစ္စများကို မည်​သည့်​ အရးယူမှုများ ပြုလုပ်​ပါသလဲ.. ဥပ​ဒေများကို ဘယ်​လို ​လေ့လာနိုင်​မလဲဆိုတာ ​ပြော​ပေးပါ. ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးနိုင်​ဖို့ ဘယ်​လိုမျိုး တိုင်​ကြားဖို့ လိုပါသလဲ. တကယ်​အ​ရေးယူပါတယ်​ဆိုတာကို​ရော မည်​သို့ သိရှိနိုင်​မလဲ သိချင်​ပာါတယ်​.

    ReplyDelete
  6. တာဝန်ရှိ (သို့) တာဝန်သိသောလူကြီးမင်းများခင်ဗျား
    ဆူးလေမှသန်လျင်သို့ပြေးဆွဲလျက်ရှိသောသောမော်တော်ယာဉ်အားလုံးမှာညနေ ၆း၃၀ ပါကယာဉ်စီးခအား ၃၀၀ သို့တိုး၍ကောက်ခံနေသည်ကိုလူကြီးမင်းများမျက်ကွယ်ပြုနေတော့မည်လား၊ မည်သို့ဖြေရှင်းကြပါမည်နည်း၊

    ReplyDelete
  7. ၁၃၁,၁၃၂,၅၃,သဟာယ ယာဉ်လိုင်းများသည်စော်ဘွားကြီးကုန်းမှနည်းပညာတက္ကသိုလ်သို့ကျောင်းသားများကို၂၀၀ကျပ်ကောက်ခံရာမှ၃၀၀ကျပ်သို့တိုးမြင့်ကောက်ခံနေပါသည်။ကျောင်းအသွားအပြန်CNGဝင်ဖြည့်ပါတယ်။မနက်၈နာရီမှ၉နာရီအတွင်းတွင်GASဖြည့်ခြင်းဟာမဖြစ်သင့်ပါဘူး။အပြန်ဆိုရင်တော့မစောင့်နိုင်လို့ကားထပ်ပြောင်းစီးရတယ်။၂၀မိနစ်လောက်ကြာတယ်။ပိုက်ဆံပိုကုန်တာပေါ့။ကျောင်းလာတာကားကတစ်ဆင့်ထဲစီးရတာမဟုတ်ဘူးလေ။ကျောင်းသားတွေအတွက်ဖြေရှင်းပေးပါအုံး

    ReplyDelete
  8. မထသ ၁၃၂ တိုက်ကြီးကားများသည် နေ့တိုင်းလိုလို အင်းစိန် ကြို့ကုန်းမှတ်တိုင်နား ( ကြို့ကုန်းလမ်းဆုံနား ) ရာကျော်ဘုရားလေးကျောင်းတိုက်နှင့် မျက်နှာချင်းဆိုင်တွင် လမ်းပေါ်တွင်ရပ်ကာ light track ဖြင့်စောင့်နေသော ဈေးသည်၏ ကုန်ပစ္စည်းများကို ကားပေါ်သို့တင်တင်နေသည့်အတွက် ကားလမ်းများပိတ်ခြင်း၊ အနီးရှိ YTU (ယခင် RIT ကျောင်း) ၀န်ထမ်းအိမ်ရာရှေ့ကားပိတ်ရပ်ထားသောကြောင့် ၀န်ထမ်းအိမ်ရာရှိလူများသွားလာရခက်ခဲခြင်း၊ လမ်းဆုံအကွေ့ဖြစ်သောကြောင့် ယဉ်တိုက်မှု အန္တရာယ်ဖြစ်နိုင်ခြင်းများကြောင့် မထသ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မြို့နယ်မှတာဝန်ရှိသူများ လိုအပ်သလို အမြန်ဆုံး လာရောက် အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်။

    ReplyDelete
  9. တောင်ဒဂုံ-မှပြေးဆွဲသောယာဉ်လိုင်းအမှတ် ၁၀၆
    ၇၁ဈေးမှတာမွေသို့ပြေးဆွဲသော
    ယာဉ်လိုင်းများကားခ၃၀၀တောင်းနေပါတယ်
    မထသမှ၂၀၀သတ်မှတ်ထားသော်လဲမရပါ,
    ၃၀၀ကျပ်တောင်းခံပါတယ်,တိုင်ကြားရန်ဖုန်း
    နံပါတ်ကိုဖြတိထားပါတယ်,ဘယ်လိုအရေးယူမလဲ

    ReplyDelete
  10. www.mhtcentral.org.mm. website ကို ၀င်​လို့မရပါ
    ပြည်​သူ့အ​ရေး မည်​သည့်​​နေရာမှာ ​သေချာကျနစွာ ​ဆောင်​ရွက်​​ပေးနိုင်​​ကြောင်း မှန်​ကန်​စွာ ​ဖော်​ပြ​စေလိုပါသည်​။

    ReplyDelete
  11. ​ရေးလည်းမထူးပါဘူး

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။