/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 13, 2013

.

မိုဘိုင်းဖုန်းနှင့် တည်နေရာ ခြေရာခံသည့်စနစ် စတင်သုံးနိုင်တော့မည်

မိုဘိုင်းဖုန်းတစ်လုံးမှ အခြားမိုဘိုင်းဖုန်းများ၏ တည်နေရာနှင့် သွားလာမှုကို ခြေရာခံနိုင်မည့် “Gothere Super Track” စနစ်အား စတင်ထည့်သွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Giga Gate ICT Solutions ကုမ္ပဏီမှ သိရသည်။ ၎င်းခြေရာခံစနစ် အယ်ပလီကေးရှင်းအား အန်းဒရွိုက်စနစ် အသုံးပြုသည့် မိုဘိုင်း၊ တက်ဘလက်များတွင် ထည့်သွင်းနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ပေးသွင်း၍ အသုံးပြုရ မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ် ထည့်သွင်းထားသည့် မိုဘိုင်းဖုန်းမှာ ဆာဗာပုံစံဖြင့် အခြားမိုဘိုင်းဖုန်းများ၊ တက်ဘလက်များ အား လမ်းကြောင်း ခြေရာခံနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့ ခြေရာခံနိုင်ရန်အတွက် ၎င်းပစ္စည်းများ ပိုင်ဆိုင်မှု စာချုပ်စာတမ်းကိုမူ ပြသရန် လိုအပ်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကိုခြေရာခံမယ့် စက်ပစ္စည်းက ကိုယ်နဲ့ ပတ်သက်တယ်ဆိုတဲ့ အထောက်အထားတော့ ပြရပါမယ်။ မဟုတ် ရင် တခြားသူတွေနဲ့ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေကို မထိဘဲ ခြေရာခံ ကြည့်ရှုတဲ့ မလိုလားအပ် တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာမို့လို့ပါ” ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ ခြေရာခံစနစ်အား GPS စနစ် အသုံးပြုခြင်း မဟုတ်ဘဲ အင်တာနက်လိုင်းဖြင့် ချိတ် ဆက်ခြင်းဖြစ်ပြီး ယင်းအတွက် ခြေရာခံမည့် ဖုန်းများ တက်ဘလက်များ၌ အင်တာနက်လိုင်း ရှိနေရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် အင်တာနက်လိုင်းကိုလည်း ဆော့ဖ်ဝဲမှ လိုအပ်သည့် အချိန်မှသာ အလို အလျောက် ဖွင့်ပေးမည် ဖြစ်သည့်အတွက် အင်တာနက် အချိန်ပြည့် ဖွင့်ထားရန် လိုအပ်မည် မဟုတ်ကြောင်း သိရသည်။

၎င်းစနစ်မှာ မော်တော်ကားများ၏ သွားလာနှုန်း (speed) ကိုပါ တိုင်းတာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ တွင်း သာမက နိုင်ငံတကာ၌ပါ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။