/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 8, 2013

.

မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ် ပြည်သူများ၏ အမြင်များ

မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ် ချုပ် ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စု စည်းေ ဖ်ါပြလိုက်ပါသည်။

ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါ တယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေ မှာ တွေ မှာ ဝေဖန်ခံနေရတယ် ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရေ တာ့မ ယ်ထင်တယ်'' လို့ ပြော သွားပါသည်။

Moblie ဖုန်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ " ကျွန်တော်တို့ အနေနဲ့တော့ အခြား ပြည်သူတွေ နည်းတူ လွယ်ကူစွာ ဆက်သွယ်ရေး အတွက် SIM Card တန်ဖိုးတွေ၊ တယ်လီဖုန်းပြောဆိုခတွေ အိမ် နီးချင်း နိုင် ငံမျး နည်းတူ ကျဆင်းအောင် ၀န်ကြီး အသစ်က လုပ်ပေးလိမ့်မယ် လို့ ယူဆပါတယ် ဟု ပြောကြား သွားပါ သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကမူ " ၀န်ကြီး ပြောင်းလဲတော့ ဖုန်းကဒ်တွေ ဈေးကျ လာမယ်လို့ မျှော် လင့် ပါ တယ်၊ လူတိုင်း မကိုင်နိုင်ဘူးလေ၊့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာလူတိုင်း မပြောနဲ့ မိသားစု တိုင်း မှတောင် ဖုန်းမကိုင်နိုင်သေးဘူး၊ ထောင်ဂဏန်း၊သောင်းဂဏန်း အနည်းငယ်လောက်ဆို လောက် ဆို လူ တိုင်း နီးပါး ကိုင်လာနိုင်မှာပါ' ဟု ပြောဆိုသွားပါသည်။

အင်တာနက် ဆိုင်ဖွင့်ထားသော လူငယ်တစ်ဦးကမူ " အင်တာနက် လိုင်းတွေ ဒီထက် ကောင်း လာဖို့  နဲ့ေ ဈးနှုန်းကျအောင် လုပ်ပေးပါလို့ ပြောသွားပါတယ်ခင်ဗျာ

လွှတ်တော် ကိုယ်စားလှယ် တပ်မတော်သား တစ်ဦးကမူ " ဗိုလ်ချုပ်ကြီး မြတ်ဟိန်း က လေတပ် ကိုေ ခတ် မှီအောင် လုပ်ခဲ့တာ လေ၊ စည်းကမ်းလဲ ကောင်းတယ်၊ အရှုပ်အရှင်းလဲ မရှိဘူး၊နည်းပညာ ပိုင်း ဆိုင် ရာ လည်း လေတပ်မှာက communication နည်းပညာ က အဆင့်မြင့်မြင့် သုံးနိုင်တယ် ။လေ တပ် က လူေ တွ က နည်းပညာပိုင်း အမြင်ရော၊ အတတ်ပညာပိုင်းဆိုင်ရာမှာ နီးစပ် ကျွမ်းကျင်တဲ့ သူများ တယ်' ဟု ပြောဆို သွား ပါတယ် ခင်ဗျာ၊

အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လိုက် ရင် ဈေးနှုန်း မှာ မြင့် နေပြီး အရည်အသွေးပိုင်းမှာ နိမ့်ကျနေသော အင်တာနက် နှင့် Mobile ဖုန်း လိုင်းများ ကို ပြုပြင် ပြောင်းလဲရန် နှင့် ဆက်သွယ်ရေး ဥပဒေ အချို့ကို ဖျက်သိမ်းပြီး ခေတ်နှင့် လျော်ညီသော ၊ ပြည်သူကို အကာအကွယ်ပေးနိုင်သော ဆက်သွယ်ရေး ဥပဒေ အသစ် ရေးစွဲ ပြဌာန်းရန်သည် ဆက်သွယ်ရေး ၀န်ကြီး အသစ်ကို စိန်ခေါ်နေသော အလုပ်များဖြစ်သည်ဟု သုံးသပ်ရပါသည်၊

http://golden-land-myanmar-mm.blogspot.com/2013/02/blog-post_415.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။