/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 8, 2013

.

လယ်သမားအရေး ဆောင်ရွက်နေသူတွေကို ဇေကမ္ဘာကုမ္ပဏီက ထပ်မံတရားစွဲ

ဇန်န၀ါရီလ ၂၄ ရက်နေ့ ကနေစတင်ပြီး အငြင်းပွား လယ်ယာမြေတွေနားမှာ ကင်းတဲတွေ တည်ဆောက်ပြီး ကင်းစောင့်နေခြင်း၊ လုံခြုံရေးတဲတွေကို ၀င်ရောက်စီးနင်းထားခြင်း စတဲ့ကိစ္စရပ်တွေနဲ့ လယ်သမား အရေးဆောင်ရွက်သူ ဦးနေမျိုးဝေ အပါဝင် ၇ ဦးကို ဇေကမ္ဘာကုမ္ပဏီကနေ မင်္ဂလာဒုံမြို့နယ် ရဲစခန်းနဲ့ ထောက်ကြံ့ရဲစခန်းတွေမှာ တရားမဝင် ဝင်ရောက်ကျူးကျော်နေထိုင်မှုနဲ့ အမှုဖွင့်ထား တယ်လို့ ဇေကမ္ဘာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

တရားစွဲခံထားရတဲ့ ၇ ဦးထဲက ကိုနိုင်ဝင်းထွန်း ပြောတာက ဦးနေမျိုးဝေ အပါအ၀င် အားလုံးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အစစ်ခံဖို့မရှိကြောင်း အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

လယ်သမားအရေးဆောင်ရွက်သူ ဦးနေမျိုးဝေ ဟာ အခုအမှုအပြင် ပြီးခဲ့တဲ့ လတွေကတည်းက ဇေကမ္ဘာ ကုမ္ပဏီက တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

http://www.yeyintnge.com/2013/02/blog-post_4078.html#.URR92fKTLPo

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။