/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 8, 2013

.

မြန်မာ့ဆက်သွယ်ရေး၏ လုပ်ပိုင်ခွင့် တဖြည်းဖြည်း လျှော့ချမည်


မြန်မာ့ဆက်သွယ်ရေး ၏ လုပ်ပိုင်ခွင့်များ အား တဖြည်းဖြည်းဆွဲထုတ် သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ “ MPT ကို တဖြည်းဖြည်း ဆွဲ ထုတ်တော့မှာပါ။ သူပါလာတဲ့အ တွက် ပြဿ နာတွေအများကြီး ဖြစ် တယ်။ ဒါပေမဲ့ချက်ချင်းကြီး လုပ် လို့မရဘူး။နိုင်ငံမှာ ဖိုင်ဘာတွေခင်း ထား တာတွေရှိနေတဲ့အတွက် တ ဖြည်းဖြည်း လုပ်သွားမှရမှာပါ”ဟု နေပြည်တော်၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းအပြင်ဆက်သွယ်ရေး ကဏ္ဍ အော်ပရေတာများ ပေးရာတွင်လည်းရွေးချယ်ထားသည့်ကုမ္ပဏီ ၄ ခု သည် အင်အားတောင့်တင်းပြီးတန်း တူအနေအထားတွင် လုပ်ကိုင်နိုင်သည့် ကုမ္ပဏီများဖြစ်ရန် လိုအပ်ကြောင်း၊ ယင်းကြောင့် လက်ရှိဆက်သွယ်ရေးကဏ္ဍအား လုပ်ကိုင်နေ သည့်မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့သည် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သွားရ မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“ ကုမ္ပဏီ ၄ ခုမှာ ၂ ခုက အင်တာနေရှင်နယ်စနစ်နဲ့ ရွေးချယ် ထားတဲ့ အတွက်   ကျေးလက်ဒေသ တွေမှာ ငွေလဲနိုင်တဲ့စနစ်၊ အင်တာနက်သုံးနိုင်တဲ့စနစ်၊ စာသင်နိုင်တဲ့စနစ် ကိုပါ ဆောင်ရွက်မှာပါ။ ဒါ ကြောင့် တစ်ဖက်မှာရှိနေတဲ့ရတနာ ပုံနဲ့ MPT ကိုလည်းတန်းတူအင် အားမျိုြး ဖစ်အောင် ကုမ္ပဏီလေးငါး ဆယ်ခုနဲ့ လုပ်သွားမှာပါ။ကုမ္ပဏီ ၄ ခုမှာ ၃ ခုအားကောင်းပြီး တစ်ခုက အားမကောင်း ဘဲ ဖြစ်လို့မရ ဘူး။ လေးခုလုံးအားကောင်းမှ လည်ပတ်လို့ရမှာပါ”ဟု ၄င်းက ဆက် လက် ပြောသည်။

အသစ်ခေါ်ယူမည့် အော်ပရေ တာ ၂ ခုအနေဖြင့် ယခုနှစ်ဆက် သွယ်ရေးကဏ္ဍ မိုဘိုင်းအလုံးရေ ၁ သန်းနှုန်းမျှသာ လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း ယင်းသို့ဖြစ်ရခြင်းမှာ အော်ပရေတာများ အနေဖြင့် ဖုန်း များထုတ်လုပ်ရောင်းချရန် တာဝါတိုင်စိုက်ထူမှုများပြုလုပ်ရမည့် အချိန်များ ရှိနေသည့် အတွက် စမ်း သပ်သည့်သဘောဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။

လက်ရှိတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍအားပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အ တွက် မြန်မာ့ဆက်ရေးပိုင်မြန်မာ့တယ်လီကွန်း၊ ရတနာပုံ တယ်လီပို့ပိုင် ရတနာပုံတယ်လီကွန်း ကုမ္ပဏီ ၂ ခုကိုရွေးချယ်၍ ကျန် ရှိနေသည့် အော်ပရေတာ ၂ ခုကို တင်ဒါခေါ်ယူထားကြောင်း သိရ သည်။

Popular Myanmar News Journal

3 comments:

  1. ဘယ်လိုလဲ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း
    ခုတော့လေသံလျော့လာပြီလား အရင်ကတော့ အသစ်အော်ပရေတာ ၂ခုကို
    မိုဘိုင်းအလုံးရေ ၁ သန်းနှုန်းပဲ လုပ်ကိုင်ခွင့်ချထားပေးတာ ကို မြန်မာ့ဆက်သွယ်ရေးက မမျှမတလုပ်တာဆို.
    ကိုယ်လဲတာဝန်ယူရော တာဝါတိုင်စိုက်ထူမှုများပြုလုပ်ရမည့် အချိန်များ ရှိနေသည်ဆိုပါလား
    အရင်ကတော့ တာဝါတိုင်စိုက်ဖို့ အချိန်တောင်မပေးဘဲ ခုချက်ချင်းဖုန်တွေဈေးလျော့ရမယ်ဆို

    ReplyDelete
  2. အလကား ဝန်ကြီးတွေ ရှေ့စကား နောက်စကား မညီတဲ့ လူတွေ

    ReplyDelete
  3. ခုလဲ ဦးပိုင် နှင့် ZTE ပေါင်းလုပ်ထားတဲ့ ဂိုတာဖုန်းတွေ ဈေးကွက်ထဲရောက်တော့မယ်လေ။
    ဦးပိုင် ကအရင်ကတည်းက သူ့ ရဲ ဂိုတာဖုန်းတွေ ကို opearator မယူပဲ ရောင်းချင်နေတာ၊
    ကန့် လန့် လုပ်တဲ့ ဆက်သွယ်ရေးက လူတွေလည်းပြုတ်ပြီ စစ်တပ်ကလေချုပ်လည် ဆက်သွယ်ရေးဝန်ကြီးဖြစ်ပြီ ဆိုတော့ ဦးပိုငရဲ့ ဂိုတာဖုန်းတွေအတွက် အကွက်ပေါ.လေ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။