/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 7, 2013

.

မြန်မာနိုင်ငံတွင် မြှုပ်နှံထားသော Spitfire လေယာဉ်များကို တူးဖော်မည့်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ၌ မြှုပ်နှံ ထားသည်ဆိုသော ရှားပါးသည့် ဗြိတိန် တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့တစ်ဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ လယ်သမားနှင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်သော David Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါသော အဖွဲ့သည် ရန်ကုန်မြို့ ရှိ လေဆိပ် အနီးတွင် ဇန်န၀ါရီလ ၇ ရက်၌ တူးဖော်မှု စတင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းလေယာဉ်များကို သစ်သားပုံးများထဲတွင် ထည့်ပြီး ရန်ကုန် လေဆိပ်အောက် မြေအောက်အနက် ကိုးမီတာခန့်၌ မြှုပ်နှံထားခဲ့ဖွယ် ရှိသည်ဟု Cundall က ပြောကြားခဲ့ပြီး ယင်းတူးဖော်မှု လုပ်ငန်းစဉ်မှာ သီတင်းပတ် လေးပတ်မှ ခြောက်ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ယင်းလေယာဉ်များကို နဂို အနေအထားအတိုင်း ပြန်လည်တွေ့ ရှိနိုင် မည်ဟု မျော် လင့်ကြောင်း လေ ဆိပ်သို့ ရောက်ပြီးပြီးချင်း Cundall က ပြောကြားခဲ့သည်။ ယင်းလေယာဉ်များကို ဒုတိယကမ္ဘာစစ် အပြီး တွင် အမေရိကန် အင်ဂျင်နီယာများက မြှုပ်နှံခဲ့သည်ဟု ယုံကြည်ရသည်။

Spitfire တိုက်လေယာဉ်မှာ ဗြိတိန်တွင် အလွန်ထင်ရှားသော တိုက်ခိုက်ရေး လေယာဉ်တစ်မျိုး ဖြစ်သည်။ လျင်မြန်ပြီး တစ်ယောက်စီး အမျိုးအစားဖြစ်သော ယင်းလေယာဉ်များသည် စစ်အတွင်း ဂျာမန်ဗုံး ကြဲလေ ယာဉ်များကို တန်ပြန်နိုင်ခဲ့မှုဖြင့် နာမည်ကောင်း ရရှိထားသည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် ဂျက် တိုက်လေ ယာဉ် ခေတ်အစပျိုးနေချိန်၌ ဗြိတိန်သည် Spitfire လေယာဉ်အစီး ၂၀၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းတူးဖော် တွေ့ရှိမှုများမှ တစ်ဆင့် ၁၉၄၅ ခုနှစ်တွင် ဘာဖြစ် ခဲ့သနည်းဟူသော အကြောင်း အရာ အတွက် အဖြေများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း တူးဖော်ရေးအဖွဲ့တွင် ပါဝင်ခဲ့သော ရှေးဟောင်း သုတေသန ပညာရှင် အန်ဒီဘရော့ခ်မန်းက ပြောကြားခဲ့သည်။

ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ် ၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာ တွင် ခြောက် စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု တူးဖော်ရေးအဖွဲ့ကယုံကြည်ထားသည်။

လတ်တလောတွင် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်း ထားကြပြီး ယခုတူးဖော်မှုများမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါက အရေ အတွက် မှာ နှစ်ဆဖြစ်လာနိုင်ခြေရှိသည်။ ယခုတူး ဖော်မှုကြောင့် စစ်ပွဲသမိုင်းနှင့် လေ ယာဉ်အကြောင်း စိတ်ဝင်စား သူများကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။