/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 7, 2013

.

ကေအိုင်အေ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိ

၅-၁-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာနေ ရေမဆေးကျောက်ရှာသူ ဦးလော်စုန်းယိမ်း(၄၂)နှစ် သည် နေအိမ်သို့ရေမလာသဖြင့် ရှရော်ခချောင်းမှ နေအိမ်သို့ သွယ် တန်းထားသော တောင်ကျရေလာရာ ပိုက်လိုင်းအတိုင်း လိုက်လံ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ နေအိမ်နှင့်(၆) ဖာလုံခန့်အကွာ အရောက်၌ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်း(၁)လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၀ဲလက်ဖျံမိုင်းစထိမှန်၊ ၀ဲဘက်ပေါင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသလျက်ရှိကြောင်း သတင်း ရရှိသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။