/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 28, 2013

.

NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအားတာဝန်မှ ရပ်စဲနိုင်ရေး တံတားဦးမြို့ နယ် NLD ပါတီဝင်များ လူထု မျက်နှာ စုံညီ အစည်းအဝေး ကျင်းပ ပြုလုပ်


၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တံတားဦးမြို့ နယ်အမှတ် (၂ ) ရပ်ကွက် ရေလည်ရပ်တာဘောင်လမ်းရှိ NLD ပါတီရုံးခန်း၌ တံတားဦး NLD ပါတီဝင်များ ဦးစီး၍ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာအားတာဝန်မှရပ်စဲနိုင်ရေး အတွက် လူထုမျက်နှာစုံညီ အစည်းအဝေးတစ်ခုကျင်းပခဲ့ကြောင်း သိရှိရ သည်။

အစည်းအဝေးတွင် NLD ပါတီ သဘာပတိ အဖွဲ့ဝင်များ ဖြစ်သော ဦးကိုလေး (အင်းဝ ဂုဏ်ရည်) ၊ ဦးဝင်းဖေ ၊ ဦးခင်မောင်တင့်နှင့် ဦးဝင်းထိုက် ၊ မြို့ နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌဦးဘိုဖြိုး ၊ကျောက်ဆည် ခရိုင် ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့် အပါအဝင် ပါတီဝင် (၁၂၀) ဦးတို့ တတ်ရောက်ခဲ့ကြောင်း သိရှိရသည်။

၎င်း အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏အရည်အချင်းနှင့် မပြည့်စုံသူတစ်ဦးဖြစ်ကြောင်း၊ မိမိကိုယ်ကျိုးသာကြည့်သူတစ်ဦးဖြစ်ကြောင်း မြို့  နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးဘိုဖြိုးမှ ပြောကြားခဲ့သည်။

ခရိုင်ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့်မှ ရပ်/ကျေး ရွေးကောက် ပွဲများတွင် ဒေါ်ခင်သန္တာမှ မဲမသမာမှု ပြုလုပ်ခဲ့မှုများ၊ ရွေးကောက်ပွဲအသုံးစရိတ်ဆိုင်ရာအငြင်းပွားမှုများ အားရှင်းလင်း ပြောကြားခဲ့ပြီး တံတားဦးမြို့ နယ် NLD ပါတီဝင်ဦးမြင့်ကိုမှ ဒေါ်ခင်သန္တာသည် တံတား ဦးမြို့  နယ်နှင့်ပတ်သက်၍ ပြည်သူများ၏ လိုအပ်ချက်များအား ယနေ့တိုင်တင်ပြခြင်း အလျဉ်းမရှိ ၊ ဒေါ်ခင်သန္တာ အား ပါတီဝင်များနှင့် ပြည်သူများမှ လိုလားမှုမရှိကြောင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ တတ်ရောက်လာသော ပါတီဝင်များမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာအား တာဝန်မှ ရပ်စဲရန် စုပေါင်း လက်မှတ်ရေး ထိုးခဲ့ပြီး အစည်းအဝေးအား ၁၁၃၀ နာရီ အချိန်ခန့်တွင် ရုတ်သိမ်းခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏ ရပ်/ကျေး ရွေးကောက်ပွဲ တွင် မဲမသမာမှု ပြုလုပ်ခဲ့မှုများ၊ ရွေးကောက်ပွဲ အသုံးစရိတ်ဆိုင်ရာ အငြင်းပွား မှုများ၊ ရပ်ကွက် လူမှုရေး အသင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာများအား အစည်းအဝေး တတ်ရောက်လာသော သတင်းထောက်များမှ မေးမြန်းမှုကို ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့် မှ အသေးစိတ် ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

http://myanmarheadline.blogspot.com/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။