/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 28, 2013

.

ကမ္ဘာ့ဘဏ်မှ ကြွေးမြီ သစ်ယူလို့ ရပြီ


မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကမ္ဘာဘဏ်က ကြွေးမြီသစ် အဖြစ် ငွေချေး ယူလို့ ရပါပြီ။ အရင် ကတော့ ကမ္ဘာ့ဘဏ် လုပ်ထုံးလုပ်နည်းအရ မြန်မာအနေနဲ့ ကြွေးမြီဟောင်း မဆပ်နိုင် ခဲ့လို့ ကြွေးသစ် ယူလို့ မရဖြစ်နေခဲ့တာပါ။

အခုတော့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကို မြန်မာက ပေးဖို့ ရှိတဲ့ ကြွေးမြီအဟောင်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၀၀ လောက်ကို ဂျပန်နိုင်ငံက ကူညီလိုက်လို့ အခုလို ကြွေးမြီ သစ် ငွေချေး ယူဖို့ လမ်းပွင့်သွားတာပါ။

မြန်မာနိုင်ငံဟာ ပေးဆပ်ဖို့ ရှိတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၀၀ လောက် ကို ဂျပန်နိုင်ငံ ဘဏ်တခုဖြစ်တဲ့ Japan Bank for International Cooperation ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB တို့ကိုက ပေါင်းကူး ကြွေးမြီ အဖြစ် ထောက်ပံ့ကူညီပေးတဲ့အတွက် ကမ္ဘာ့ဘဏ်က ယမန်နေ့ က ကြေညာချက် ထုတ်ပြန်ပြီး မြန်မာကို ကြွေးမြီကင်းရှင်းတဲ့ အစီအစဉ်ကြေညာပေးလိုက်တာ ဖြစ်ပါ တယ်။

အခုဆိုရင် ဒေါ်လာ သန်း ၅၀၀ လောက်ကို ချေးယူခွင့် ရမှာပါ။ ဒါဟာကြွေးဟောင်းကို လျှော်ပေးတဲ့ သဘောလည်းဖြစ်ပါတယ်။

ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်နိုင်အောင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ကမ္ဘာ့ဘဏ် ကနေ ကြွေးမြီချေးယူလို့ ရတော့မှာဖြစ်တယ်လို့ The Economic Times သတင်းတပုဒ်က ဆိုပါတယ်။

http://blog.irrawaddy.org/2013/01/blog-post_28.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။