မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတဖြစ်စေရန် ခွင့်ပြုမည့် အခြေခံဥပဒေ အပြောင်း အလဲများကို မြန်မာ့တပ်မတော်က ထောက်ခံမည်ဟု ယုံကြည် ကြောင်း ပြောကြားလိုက်သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ လွှတ်တော်တွင် စစ်တပ်က အဓိကနေရာများကို ထိန်းချုပ်ထား သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေး သုံးသပ်မှုများကို အတည်ပြုလုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြောင်းဆိုသည်။
ဟာဝိုင်ယီသို့  ခေတ္တရောက်ရှိနေသော ဒေါ်စုက “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မစိုးရိမ်မှု မရှိပါဘူး။ တိုင်းပြည်ရဲ့ တခြားသော ပြည်သူတွေလိုပဲ ကျွန်မတို့ တပ်မတော်ကိုယ်စားလှယ်တွေဟာ လည်း မြန်မာကို ပိုပျော်စရာကောင်းတဲ့၊ ပိုအားကောင်းတဲ့၊ပိုညီ ညွတ်မှု ရှိတဲ့တိုင်းပြည်တစ်ခုကို မြင်ချင်ကြတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့တော့ အပေးအယူလုပ် စေ့စပ်ညှိနှိုင်းမှုကနေတဆင့် အခြေခံ ဥပဒေ ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းကို မပစ်ပယ်ပါဘူး” ဟု အရှေ့ အနောက်စင်တာသို့ အလည် အပတ်ရောက်ရှိစဉ် ပြောကြားသည်။
၂၀၁၁ တွင် သမ္မတဖြစ်လာခဲ့သည့် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်စု၏ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့ပါက ဒေါ်စုကို သမ္မတ အဖြစ်လက်ခံမည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်ဝေဖန်သူများက စစ်တပ်က ပြဋ္ဌာန်းခဲ့ သော ၂၀၀၈ အခြေခံဥပဒေအောာက်တွင် သမ္မတနေရာကို ရရှိမည့်သူသည် အိမ်ထောင်ဖက်နှင့် ကလေးများမှာ အခြားနိုင်ငံသားအဖြစ် ခံယူ ထားသူ မဖြစ်ရဟု ပါဝင်နေရာ၊ ဗြိတိန် နိုင်ငံသား ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားသော ဒေါ်စုကို ဦးတည်၍ သမ္မတ မဖြစ်နိုင်အောင် ဦးတည်ဟန့်တား ထားကြောင်း ဆိုထားသည်။
ဒေါ်စုက အခြေခံဥပဒေနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့ စည်းပုံသည် ဒီမိုကရေစီနည်းကျ မဟုတ်ကြောင်း၊ လက်ခံနိုင်ဖွယ် မဟုတ် ကြောင်း ပြောထားသည်။
ဒေါ်စုသည် ဟာဝိုင်ယီသို့ မကြာမီကပင် အလည်အပတ်ရောက်ရှိ နေပြီး တောင်ကိုရီးယားသို့ ဆက်သွားမည်ဟု သိရသည်။
REF: AFP

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။