/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 6, 2012

.

Postpaid စနစ်ဖြင့် ဘီလ်ပေးဆောင်သည့် မိုဘိုင်းဖုန်းများသာ နိုင်ငံခြား တိုင်းပြည်များသို့ သယ်ဆောင် အသုံးပြုနိုင်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းဘီလ်များကို Postpaid စနစ်နှင့် Prepaid စနစ်ဟူ၍ နှစ်မျိုး ခွဲခြား ကောက်ခံလျက်ရှိပြီး အဆိုပါ စနစ်နှစ်မျိုးအနက် Postpaid စနစ်ဖြင့် ဘီလ်ပေးဆောင်သည့် မိုဘိုင်း ဖုန်းများသာ နိုင်ငံခြား တိုင်းပြည်များသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်ဟု အဆိုပါ လုပ်ငန်းဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ “Prepaid စနစ်အသုံးပြုတဲ့ ဖုန်းတွေအတွက်က စမ်းသပ်နေ တုန်းပဲ။ အေးဂျင့်တစ်ခုနဲ့ စမ်းသပ်နေတာ၊ အသုံးပြုသူစိတ်ကြိုက် အသုံးပြုနိုင်ဖို့အတွက်တော့ လုပ်ပေး သွားဖို့ ရှိတယ်” ဟု အထက်ပါ အရာရှိက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်း များကို နိုင်ငံခြားတိုင်းပြည်များနှင့် အပြန်အလှန် ချိန်ဆက်၍ သယ်ဆောင်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Inbound စနစ်နှင့် outbound စနစ်ဟူ၍ ခွဲခြားဆောင်ရွက်ခဲ့သည်ဟု သိရသည်။ နိုင်ငံအချို့မှ မိုဘိုင်းတယ်လီဖုန်းများကို ပြည်တွင်းသို့ Inbound စနစ်ဖြင့် သယ်ဆောင် အသုံးပြုခွင့်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး outbound စနစ်ဖြင့် ပြည်တွင်းမှ ဂျီအက်စ်အမ် တယ်လီဖုန်း များကို ပြည်ပနိုင်ငံအချို့သို့ သယ်ဆောင်အသုံးပြုနိုင်ရန် စမ်းသပ်နေကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27658

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။