/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 6, 2012

.

ကမ္ဘာ့ အပါးလွှာဆုံး အမြန်ဆုံးနှင့် ဈေး အပေါဆုံး ဟတ်ဒ်ဒစ် တီထွင် အောင်မြင်


ကမ္ဘာ့ အပါးလွှာ ဆုံး ကွန်ပျူတာ ဟတ်ဒ်ဒစ်ကို စင်ကာပူ နိုင်ငံရှိ သုတေသန ပညာရှင် များက အောင်မြင်စွာ ထုတ်လုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟတ်ဒ်ဒစ်သည် အချက် အလက်များကို 1 terabyte ကျော်ထိ သိုလှောင် သိမ်းဆည်း ထားနိုင် ပါသည်။

A-Drive ဟု ခေါ်သော ဟတ်ဒ်ဒစ်သည် ၅ မီလီမီတာ ထူပြီး လက်ရှိ အသုံးပြု နေသည့် ဟတ်ဒ်ဒစ်များထက် ၃ဝ ရာခိုင်နှုန်း ပါးလွှာပြီး Tablet ကွန်ပျူတာများ၊ Ultrabook ကွန်ပျူတာ များနှင့် အနာဂတ် ဒေတာ အချက် အလက်များ သိမ်းဆည်းရန် အတွက် ရည်မှန်း ထုတ်လုပ် ထားခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် ၇ မီလီမီတာ အထူ ရှိသော ဟတ်ဒ်ဒစ်သည် အချက် အလက် 500 gigabytes ကို သိမ်း ဆည်း သိုလှောင် ထားနိုင် ပါသည်။

ယခု တီထွင် လိုက်သည့် ဟတ်ဒ်ဒစ်တွင် အပိုင်း နှစ်ပိုင်း ပါရှိပြီး တစ်ပိုင်းမှာ သံလိုက် ဓာတ်ဖြင့် ဒေတာများ ပမာဏများစွာ သိုလှောင် နိုင်ပြီး ကျန်တစ်ပိုင်းမှာ လျှပ်စစ်ဖြင့် အချက် အလက် များကို အချိန်တို အတွင်း သိုလှောင် ပေးပါသည်။

A-Drive ဟတ်ဒ်ဒစ် ဒေတာ 1 Terabyte ကို လျှပ်စစ် သံလိုက် ချပ်ပြား ဝိုင်းဖြင့် သိုလှောင် သိမ်းဆည်းပြီး ဒေတာ 32 gigabytes ကို flash memory storage ဖြင့် သိုလှောင် သွားမည် ဖြစ်သည်။

၎င်း ဟတ်ဒ်ဒစ်က သီချင်း အပုဒ် နှစ်သိန်းခွဲ ကျော် သိမ်းဆည်း နိုင်ပြီး တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၆ဝ ဖြင့် ရောင်းချရန် မျှော်မှန်း ထားသည်။ A-Drive ဟတ်ဒ်ဒစ်ကို သိပံ္ပ နည်းပညာ နှင့် သုတေသန အချက် အလက် စုဆောင်းရေး ဌာနမှ ပညာရှင် များက တီထွင် ခဲ့ကြောင်း သိရသည်။

http://www.mwdmedia.net/2012/11/blog-post_7739.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။