၎င်း ဘင်္ဂါလီများရှိကြောင်းသတင်းပေးသူမှာ တောတောင် ချောင်းများတွင် ငါးဖမ်းရင်း တွေ့ရှိရာမှ သတင်းပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးရမိသောဘင်္ဂါလီများကိုသက်ဆိုင်ရာလက်သို့ မအပ်နှံမှီ ကာလ အတွင်း ကလေးမြို့ မင်္ဂလာဥယျာဉ် ပရိယတ္တိစာသင်တိုက်နှိုက် ခေတ္တ ထားရှိခဲ့ပြီး ကလေးမြို့ ပြည်သူ (၁၀၀၀)ခန့်အား မြင်သာစွာ ပြသခဲ့ပါသည်။
ထိုကျောင်းတွင်ပင် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ နေသာ ဆရာတော် မှ အွန်လိုင်းများတွင်မြန်မာများက သူတိုဘင်္ဂါလီများကို မတရားနှိပ်စက် နေကြောင်း သတင်းတွေတင်ထား ပါတယ်။ အခု ပြုလုပ်တဲ့ပွဲကတော့ မြန်မာတွေ သူတို့အပေါ် နှိပ်စက်နေတာ မဟုတ်ဘူးဆိုတာ အားလုံး သိစေချင်လို့ပါ လို့ မိန့်ကြားသွားခဲ့ပြီးအသင်းကြီး အနေဖြင့် ရိုဟင်ဂျာ (၅၀) ဦးကို ယခု လပိုင်းအတွင်း ဋ္ဌာနဆိုင်ရာများ ပြည်သူ များနှင့်တကွ အသင်းကြီးရဲ့ လှုပ်ရှားမှုများဖြင့်ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း ကိုလည်း အသင်းကြီး၏ ဒုဥက္ကဋ္ဌ မင်္ဂလာဥယျာဉ်စာသင်တိုက် ဆရာတော်မှ ပြောကြားခဲ့ပါသည်။
အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်းကြီးအနေဖြင့် လည်း ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့/မြို့နယ်များသို့ လှည့်လည် ပြီး အမျိုးဘာသာ သာသနာကာကွယ်စောက်ရှောက်နိုင်ရေး အသိပေးအမြင်ဖွင့် ဟောပြောပွဲများပြုလုပ်နေကြောင်းကိုပါ သိရပါသည်။၎င်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဥပဒေရေးရာအရ အရေးယူနိုင်ရန်ပြည်သူရဲတပ်ဖွဲ့ ကလေးမြို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားရေးရာ ဦးစီးဌာန (ကလေးမြို့ လ၀က) တို့မှစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။