/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 30, 2012

.

MPT ကိုလည်း ၁၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြအုံးမည်

ဂျာနယ် မျက်နှာဖုံးအဖြစ် ဖော်ပြသည့် သတင်း

လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှ ခေတ်မီသည့် မြန်မာနိုင်ငံတွင် အင်တာ နက်ခ များ ပြောင်း လဲ ကောက် ခံ မည့်ကိစ္စနှင့် ပတ်သက်ပြီး MPT ကိုလည်း ဆန္ဒ္ဒဖော်ထုတ်အုံးမည့် အကြောင်း ပြည်တွင်း ဂျာနယ် တစ်ခု မျက်နှာ ဖုံးမှာ ကြော်ငြာထားခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော် ထုတ်မည့် ကိစ္စအား စတင်ဦးဆောင် ခဲ့သူ မှာ နေမျိုး ဇင် ဆိုသူ ဖြစ်ပါသည်။

အဆိုပါ ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ MPT မှ ဒုတိယ အင်ဂျင်နီ ယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။100 KB နှစ် ကျပ်မှ မကြိုက်ဘူး ဆိုရင် Plan B, C တွေ ရှိတယ်။ Plan D,E အကုန်လုပ်ပေးမယ်ဗျာ" ဟု ပြန် လည်ပြောကြား ခဲ့ပါသည်။



နေမျိုးဇင် ဖြန့်ဝေသည့် ဗီဒီယိုဖိုင်

နေမျိုးဇင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည် ဆန္ဒဖော်ထတ်ုမှု ဖြန့်ဝေခြင်းမှာ -

ပြည်သူ့တို့ ဘက်မှ ကာကွယ်ရပ်တည်ပြီး ပြင်ဆင်လျော့ချပေးရန် နစ်နာဆုံးရှုံးသော နည်းပညာ သုံးစွဲသူ အပေါင်းက ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုကြမည်ဖြစ်ပါသည်။

လက်ရှိပြင်ဆင်လိုက်သော ဖုန်း အင်တာနက် အသုံးပြုခ ပြောင်းလဲ သတ်မှတ်ခြင်း ကို ပြည်သူ့ သက်သာချောင်ချိရေး အတွက် ပြန်လည်ပြင်ဆင်ပေးခြင်း မရှိပါက၊ ................

ဒီဇင်ဘာ ၁၅ ရက် ( စနေ) နေ့တွင် ရန်ကုန် မြန်မာ့ ဆက်သွယ်ရေး ရုံးချုပ် အရှေ့ ဆန္ဒဖေါ်ထုတ်ခြင်း အခမ်းအနားကြီး အား တရားဝင် ခွင့်ပြုချက် တောင်းဆိုကာ လူထု လှုပ်ရှားမှုကြီး တခု ဖေါ်ဆောင်မည်ဖြစ်ပါသည်။

ဆက်သွယ်ရေး စရိတ်စက ကြီးမြင့်မှုကြောင့် အခက်ကြုံ ကျပ်တည်းလာ

အဆိုပါ နည်းပညာ နှီပ်ကွပ် ဈေးမြင့်တင်မှု ၊ လူထုပေါ် ဖိစီးစေမှုနှင့် ပတ်သက်ပြီး ကန့်ကွက် လိုသူ မည်သည့် အဖွဲ့အစည်း နှင့် မဆို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ထုတ်ပြန် ကြေငြာပါသည်။

အင်တာနက် သုံးစွဲမှု နည်းပညာ ဖိနှိပ် ကန့်သတ် ဈေးမြင့်တင်ခြင်းအား ကန့်ကွက်သည့် လူထု အခမ်းအနားကြီး တရပ် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နည်းပညာဖြင့် နိုင်ငံကို မြင့်မားတိုးတက်စေလိုသူ အပေါင်းအား ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါသည် ။

နေမျိုးဇင်

0949328559
09450058276
msdn.myanmar@gmail.com
ညှိနှိုင်းဆောင်ရွက်သူ
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

http://www.oppositeyes.info/2012/11/mpt_30.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။