/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 30, 2012

.

တစ်နေ့လျှင် အချိုရည် တစ်ခွက် ပုံမှန် သောက်သုံးသည့် အမျိုးသားများ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ပို၍ မြင့်မားနိုင်


တစ်နေ့လျှင် အချိုရည် တစ်ခွက် ပုံမှန် သောက်သုံးသည့် အမျိုးသား များသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ပို၍ မြင့်မား နိုင်ကြောင်း ဆွီဒင်နိုင်ငံ လန်းဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့ သင်တန်းတက်ရောက် နေသည့် ကျောင်းသူ တစ်ဦးဖြစ်သူ အစ္စဘဲလ် ဒရိတ်၏ ပြောကြားချက် အရသိရသည်။

ဆွီဒင် နိုင်ငံမှ အသက် ၄ ၅ နှစ်နှင့် ၇၃နှစ် အရွယ်ရှိ အမျိုးသား ၈ဝဝဝ ကျော်ကို ၁၅ နှစ်ကြာ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာ သကြားများဖြင့် ထုတ်လုပ်ထားသော အချိုရည် များနှင့် အခြား ဖျော်ရည် များကို တစ်နေ့လျှင် ၃၃ဝ မီလီလီတာ ခန့် သောက်သုံးသော အမျိုးသားများ အနက် ၄ဝ ရာခိုင်နှုန်း သည် ဆီးကျိတ် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် တိုးမြင့် လာသည်ကို တွေ့ရှိ ရသည်။

ထမင်းနှင့် အီတလီ ခေါက်ဆွဲကဲ့သို့ အစားအစာ များကို များများ စားသုံး သည့် အမျိုးသား များသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ၃၁ ရာခိုင်နှုန်းခန့် ရှိပြီး သကြားဖြင့် ပြုလုပ် ထားသည့် နံနက်စာ စားသောက် ဖွယ်ရာ များကို များစွာ စားသုံးခြင်း သည်လည်း ဆီးကျိတ် ကင်ဆာ ဖြစ်ပွား မှု အန္တရာယ် ၃၈ ရာခိုင်နှုန်း မြင့်တက် စေနိုင်ကြောင်း ဒရိတ်က ၎င်း၏ လေ့လာ ဆန်းစစ်ချက် များတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူပုဂ္ဂိုလ် တစ်ဦးသည် အချိုရည်များစွာ သောက်သုံးမှုကို လျှော့ချသင့်ကြောင်း ဒရိတ်က ပြောကြား ခဲ့သည်။ သို့သော်လည်း စားသောက်မှု ပုံစံမပြောင်းမီ နောက်ထပ် သုတေသန ပြုလုပ်ရန် လိုအပ် နေကြောင်း သိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။