/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 30, 2012

.

မိုဘိုင်းဖုန်းများ၏ အင်တာနက်နှုန်းထားများ ပြောင်းလဲတိုးမြှင့် ကောက်ခံမည့် သတင်း ပြည်သူများ ကန့်ကွက်

လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများ၏ အင်တာနက် နှုန်းထားများကို GSM ဖုန်းဆိုလျှင် တစ်မိနစ် ၂ ကျပ်နှုန်းနှင့် WCDMA နှင့် CDMA 800 MHz ဖုန်းများဆိုလျှင် တစ်မိနစ်ကို (per minute) ၄ ကျပ်နှုန်းဖြင့် ကောက်ခံနေရာမှ ယခုအခါ data usage plan အပေါ် အခြေခံ၍ ပြောင်းလဲကောက်ခံသွားမည်ဟု အင်တာနက် စာမျက်နှာများမှတစ်ဆင့် သတင်းများ ထွက်ပေါ်နေရာ ယင်းအပေါ် ပြည်သူများ အကြားတွင် ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အတွင်းရေးမှူး ဦးဇော်သူရိန်ထွန်းက “လောလောဆယ်က သူတို့က ယာယီဈေးနှုန်းလို့တော့ ပြောထားတယ်ပေါ့။ ယာယီဈေးနှုန်း အရတော့ အတော့်ကို များပါတယ်။

India ၏ Airtel ဆက်သွယ်ရေးကုမ္ပဏီ၏ 3G အင်တာနက်ဈေးနှုန်းက 10GB ကို လစဉ်ကြေး ရူပီး ၁၅၀၀ ပေးရပါတယ်။ မြန်မာကျပ်ငွေ နှစ်သောင်းနှစ်ထောင်ဝန်းကျင် ကျသင့်ပါတယ်။ တွက်ချက်ကြည့်ရင် 1GB ကို နှစ်ထောင့်နှစ်ရာဝန်းကျင် ကျသင့်ပါတယ်။

အခု MPT က 2GB ကို ၇၀၀၀ ဆိုတော့ 10GB ဆိုရင် သုံးသောင်းခွဲတော့ ကျပါတယ်။ ဒါကလဲ အခုလေးတင် ပြောင်းသွားတဲ့ဈေးပါ။ အခု skynet ကနေ လွှင့်ပေးနေတာတော့ တွေ့ရပါတယ်။

လောလောဆယ်တော့ သုံးသပ်လို့မရဘူး ဖြစ်နေပါတယ်။ အရင်မိနစ်နဲ့ ကောက်တဲ့စနစ်နဲ့ တွက်ချက်ကြည့်ရင် 1MB ကို တစ်ကျပ်နှုန်းကောက်မှ အရင်နှုန်းနဲ့ တူမှာပါ” ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ www.myanmarmobileapp.com ၏ ဖေ့ဘုတ် စာမျက်နှာတွင် မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲသူ ပြည်သူများက ယင်းနှုန်းထားနှင့်သာ ကောက်ခံမည်ဆိုပါက ယင်းကို လက်မခံနိုင်ကြောင်း ဝင်ရောက်မှတ်ချက်ပြု ရေးသားထားကြသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27955

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။