/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 15, 2012

.

Facebook ၏ ၀န်ဆောင်မှုအသစ်


Facebook တွင် မိမိ၏ Friend ဖြစ်စေ၊ မိမိကြိုက်နှစ်သက်၍ Like လုပ်ထားသော Page ဖြစ်စေ post တစ်ခုခုတင်သည့်အခါတိုင်း မိမိအား အသိပေးရန် ပြုလုပ်ထားနိုင်ပြီ ဖြစ်သည်။

Facebook Page တစ်ခုခုတွင် post အသစ်တင်တိုင်း သိရှိလိုပါက အဆိုပါ page တွင်သွားရောက်၍ ပုံ (၁) တွင် ပြထားသည့်အတိုင်း Liked button ပေါ်တွင် mouse pointer တင်ထားလိုက်ပါက menu ပေါ်လာပါမည်။ ထို menu မှ အပေါ်ဆုံးရှိ Get Notifications ကို ရွေးချယ်ပေးရမည် ဖြစ်သည်။
Facebook Friend တစ်ဦး ၎င်း၏ wall တွင် post အသစ်တင်တိုင်း သိရှိလိုပါကလည်း ထို Friend ၏ wall ကို သွားရောက်၍ ပုံ (၂) တွင် ပြထားသည့်အတိုင်း Friends button ပေါ်တွင် mouse pointer တင်ထားလိုက်ပါက menu ပေါ်လာပါမည်။ ထို menu မှ အပေါ်ဆုံးရှိ Get Notifications ကို ရွေးချယ်ပေးရမည် ဖြစ်သည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။