/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 15, 2012

.

ရန်ကုန်မြို့တော်စည်ပင် အကျင့်ပျက်ခြစားဝန်ထမ်းများအား တရားစွဲဆိုမည်

ပြီးခဲ့သည့် လအတွင်း အကျင့်ပျက်ခြစားမှုဖြင့် ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့သော ရန်ကုန်မြို့တော် စည်ပင် သာယာ ရေးကော်မတီ ယာယီမြို့တော်ဝန်(မြို့တော်စည်ပင် အတွင်းရေးမှူး)ဟောင်း အပါအ၀င် အကျင့် ပျက် ၀န်ထမ်း ၅ ဦးနှင့် လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ခဲ့သော စီးပွားရေးသမားများကို ဥပဒေနှင့်အညီ တရား စွဲဆို သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ အမည်မဖော်လိုသူ အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ရန်ကုန်စည်ပင်အတွင်းရေးမှူး အနေဖြင့် ယာယီမြို့တော်ဝန် ရာထူးထမ်းဆောင်နေစဉ် ကာလ အတွင်း မတော်သြဇာကျင့်သုံးပြီး စည်ပင်ပိုင်မြေကို ဂရန်ပိုင်အမည်ပေါက် ရရှိအောင် ဆောင်ရွက်ပေးကာ သိန်းထောင်ချီ လာဘ်စားမှု ကျူးလွန်ခဲ့ခြင်းကြောင့်ြ ဖစ်ကြောင်း အဆိုပါ အရာရှိကြီးကြေ ပာကြားသည်။

အဆိုပါ အမှု ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ယူ စစ်ဆေး ခဲ့ပြီး အပြစ်ရှိကြောင်းေ ပ်ါလွင်ခဲ့သဖြင့် ဌာနမှ ထုတ်ပယ် ခဲ့ပြီးဖြစ်သည်။

အဆိုပါ လာဘ်ပေး လာဘ်ယူမှု တွင် ပါဝင်ခဲ့သူများကို လာဘ်ပေး လာဘ်ယူမှု တားမြစ်ရေးဥပဒေနှင့် တရားစွဲဆိုမည်ဟု ယူဆရကြောင်းနှင့် ယခုလက်ရှိ အစိုးရလက်ထက် တွင် အကျင့်ပျက် ၀န်ထမ်းများကို ပထမဆုံး တရားစွဲဆိုသော အမှုဖြစ် လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.oppositeyes.info/2012/11/blog-post_8164.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။