/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 16, 2012

.

မုဒိန်းကျင့်ရန်ကြိုးစားသော ကုလားအား အာမခံဖြင့်ပြန်လွှတ်

နိုဝင်ဘာလ(၁၁)ရက်နေ့က တောင်ဥက္ကလာပတွင် ရခိုင်အမျိုးသမီးတစ်ဦးအား မဒိန်းကျင့်ရန်ကြိုးစားသော ကုလားတစ်ဦးအား ရဲစခန်းမှ အာမခံဖြင့် နိုဝင်ဘာလ (၁၁)ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာ(၇)ရပ်ကွက်၊ မင်းရဲကျော်စွာကုန်းလမ်းနေ အဘ ဦးထွန်းအောင်ကျော်၏သမီး မသွယ်သွယ်ထွန်း အသက်(၁၈)နှစ်၊ ရခိုင်ကျောင်းသူအား ၄င်းရပ်ကွက်မှ ကုလားဖြစ်သူ ကျော်ဇင်အောင်(ခ)အာလူး အသက်(၂၆)နှစ်မှ မုဒိန်းကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

"အဲဒီကုလားက နေ့လည်(၁၁)နာရီလောက်မှာ မသွယ်သွယ်ထွန်းကို မုဒိန်းကျင့်ဖို့ ဆွဲလားရမ်းလား လုပ်နေတာကို လူတွေကတွေ့တော့ ရပ်ကွက်က အချိန်မီဝင်ပြီး တားဆီးနိုင်ခဲ့ပါတယ်၊ မိန်းခလေးမှာ အင်္ကျီအားလုံး စုတ်ပြဲသွားပြီးတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနည်းနည်းရသွားပါတယ်။ မုဒိန်းကျင့်ဖို့ ကြိုးစားတဲ့ ကုလားကိုတော့ တောင်ဥက္ကလာပ ရဲစခန်းကိုပို့လိုက်ပါတယ်၊ မိန်းခလေးကိုတော့ လုံခြုံတဲ့ တစ်နေရာမှာ နေခိုင်းထားပါတယ်" ဟု ယင်းရပ်ကွက်နေ တစ်ဦးမှပြောသည်။

ယင်းကုလားအား တောင်ဥက္ကလာရဲစခန်းတွင် ပုဒ်မ ၃၅၊ ၄၅၁၊ ၉၅၄ စသည့် ပုဒ်မသုံးခုဖြင့် နိုဝင်ဘာလ (၁၁)ရက်နေ့ကတည်းက အမှုဖွင့်ထားခဲ့သော်လည်း အမှုနှင့်ပတ်သက်၍ အသိသက်သေများ၊ မျက်မြင် သက်သေများ ရှိနေသည့်တိုင် စစ်ဆေးအရေးယူခြင်း တစ်စုံတစ်ရာမပြုလုပ်ဘဲ အာမခံဖြင့် ပြန်လည် လွှတ်ပေးထားကြောင်း သိရှိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။