/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 16, 2012

.

မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသောကြောင့် အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း Myanmar Climate Change Watch မှ နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

်။ တောင်တရုတ် ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ရန် အလားအလာ တိုးလာသည်နှင့်အမျှ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်လည်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ် ဖြစ်ပေးလာမည်ဆိုပါက ကိုကိုးကျွန်း အနောက်ဖက်အနီးမှ စတင်ကာ အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ကြောင်း Myanmar Climate Change Watch မှ ထုတ်ပြန်ထားချက်များအရ သိရှိရပါသည်။

ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်အတွင်း မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ရခိုင်၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း၊ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်များ အရ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။