/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 26, 2012

.

မကြောက်တဲ့အပြင် ပြုံးတောင်ပြလိုက်သေးတယ်


ရန်ကုန်တိုင်းဒေသကြီးစက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီ ရဲ့ ကွင်းဆင်းစစ်ဆေးချက်အရ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေ အခြင်အတွယ်မပြည့်မီကြောင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရပါတယ်။ ဒီအရောင်းဆိုင်တွေ ကို ၂၀၁၀ခုနှစ်၊ဇွန်လက စပြီး ခွင့်ပြုပေး ခဲ့တာကြောင့် ဒီနေ့ဆိုရင် (၂)နှစ်ကျော် ခဲ့ပါပြီ။ဆိုင်တွေမှာ ဆီဖြည့်တုန်း ပန့်မှာ ရှိတဲ့ ကိန်းဂဏန်းကိုကြည့်လိုက်ရင်ကွက် တိပါပဲ။ဒါပေမဲ့ ကွက်တိမဖြစ်တာကတော့ ကားရဲ့ဆီတိုင်ကီမှာပါ။ကျွမ်းကျင်ရာ လိမ္မာရာဆိုတဲ့စကားလိုဖြစ်နေလားမသိ ဘူး။ တစ်ခါတလေ သံသယကို ဖျောက် ချင်တာနဲ့ဆီကိုတိုင်ကီထဲမဖြည့်ခိုင်းတော့ ဘဲ ပုံးထဲကို ထည့်ခိုင်းလိုက်တယ်။ တစ် ဂါလံကို (၄.၅)လီတာပဲထားပါတော့။ ရေသန့်ဗူးနဲ့ခြင်ရင် သာမန်ရေသန့်ဗူး (၄)ဗူးခွဲရှိရမှာပါ။ဒါပေမယ့် တစ်ချို့ဆိုင် က(၄)ဗူးနဲ့ လက်တစ်လုံးလောက်ဘဲရှိ တာကို တွေ့ရတယ်။ကိုယ်တွေ့ပါ။

အချင်းမများချင်တာနဲ့ ဆိုင်ပြောင်း ပြီးဝယ်လိုက်တယ်။ဆိုင်(၅)ဆိုင်က ပြည့် ပါတယ်။ ကျန်(၂)ဆိုင်က လက်တစ်လုံး နဲ့နှစ်လုံးဆိုတော့ တစ်ခုခုတော့ လွဲနေ တာသေချာပါတယ်။ခက်တာက ပြည့်တဲ့ ဆိုင်ပဲ လိုက်ဝယ်ဖို့ကလဲ ကိုယ်သွားနေတဲ့ လမ်းနဲတစ်ခြားစီဖြစ်နေရင် အဲဒီဆိုင်ကို ရောက်ဖို့ သွားရတဲ့ လမ်းမောင်းဆီက ပိုကုန်တာမို့ ဘာထူးမှာလဲ။

အရင်ကစက် သုံးဆီကို အစိုးရက ရောင်းတယ်ဂါလံမပြည့်လဲ အစိုးရဈေးနဲ့ရတော့ တန်းစီကျ တာ တစ်မျှော်တစ်ခေါ်ကြီးပဲ။တစ်ချို့ဆို ရင် မိုးလင်းမိုးချုပ်တန်းစီတိုးစားကြတယ်။ တန်းစီဖို့အချိန်မပေးနိုင်တဲ့သူတွေက လမ်းဘေးဆိုင်မှာ ၀ယ်ကြတယ်။အပြင်ဆိုင်ဆို တော့ အရောအနှောလေးတွေပါတတ် တာကြောင့် (အင်)နဲ့မိရင် အင်ဂျင်ကို ဒုက္ခပေးရော။

ဒါကြောင့်အချိန်ပေးရပေမယ့် စိတ်ချရတဲ့ ပန့်ဆိုင်တွေမှာ တန်းစီ ကြတာများပါတယ်။နောက်ပိုင်းစာအုပ်စနစ်ပေါ်လာတယ်။ တစ်နေ့ (၂)ဂါလံနဲ့ တန်းစီတော့။ဒါလည်းအလုပ်မဖြစ်ပြန် ဘူး။

ဒါကြောင့်(၄/၅)ရက်စာ ရောင်းပေး တဲ့စနစ်ကို ပြင်ကြတယ်။စာအုပ်အတု လုပ်တဲ့ ပြဿနာတွေ၊ယာဉ်နံပတ်ပြား ပြောင်းတပ်ထားတဲ့ ပြဿာနာတွေပေါ်ခဲ့ ပြီး နောက်ပိုင်းဈေးနှုန်းထိန်းချုပ်မှုကို လျော့ပေးလိုက်တယ်။ဆီကိစ္စကြောင့် (၂၀၀၇)ခုနှစ် အရေးအခင်းက ဥပမာ တစ်ခုပါ။

ပုဂ္ဂလိက အရောင်းဆိုင်တွေကို ကြည့်ရင် အပြင်အဆင်ကတော့ အပျံ စားပဲ။ညဘက်ဆိုမီးရောင်စုံနဲ့ ၀န်ထမ်း တွေကလဲ ယူနီဖောင်းကိုယ်စီနဲ့ကိုယ်တိုင် ဆင်းပြီး စလစ်ဖြတ်စရာမလိုအောင် ၀န် ဆောင်မှုတွေကောင်းတယ်။တစ်ချို့ဆိုင် တွေမှာ ကားဘီးအခမဲ့လေထိုးလို့ရသလို ရေသန့်ဗူးတောင်လက်ဆောင်ပေးကြ တယ်။ တစ်ခါတလေတော့လည်း ဆီ ထည့်ဖို့စောင့်နေရင် အတင်းလာရောင်း တဲ့ ထီသည်တွေ၊အတင်းလာတောင်းတဲ့ သူတွေရှိပေမယ့် ကြာကြာစောင့်ဖို့မလို တာရယ်၊၀န်ဆောင်မှုတွေကောင်းတာ ရယ်ကြောင့် ၀ယ်ရကျိုးနပ်ပါတယ်။

အခု (၂)နှစ်ကျော်လာတဲ့အခါ အခြင်အတွယ် နည်းနည်းပါးပါးလိုတာကလွဲရင်ပေါ့။

တစ်နေ့က မြောက်ဥက္ကလာမီးသတ် နားက ပုဂ္ဂလိကကစက်သုံးဆီအရောင်း ဆိုင်တစ်ခုမှာဆီဝင်ထည့်ဖြစ်တယ်။ဆိုင်ကပြင်နေဆဲဆိုတော့ အုတ်ပုံ၊သဲပုံ၊ကျောက် ပုံတွေလဲ ရှောင်ပြီးမောင်းရတယ်။ ဆိုးတာက ပန့်ပါပဲ။ပန့်က အဟောင်းကြီးဖြစ် နေတဲ့အပြင်ဂဏန်းတွေကလဲ မြင်တစ် ၀က်၊မမြင်တစ်ဝက်ဆိုတော့ ဘာကိုကြည့် ရမှန်းမသိဘူး။

တစ်ခြားဆိုင်တွေလိုထည့် မယ့်ဆီကို အော်တိုဖွင့်၊အော်တိုပိတ်မဟုတ် ဘူး။ဖွင့်/ပိတ်ခလုတ်ကို တစ်ယောက်က ကိုင်ပြီး တစ်ယောက်က ပိုက်ကိုင်ထား တယ်။ဒါနဲ့ ဘယ်ဂဏန်းကို ကြည့်ရမှာလဲ မေးတော့ ပန့်တိုင်မှာ ကပ်ထားတဲ့စာ ရွက်ကို လက်ညှိုးထိုးပြတယ်။တစ်ဂါလံ ကို(၄.၅)လီတာတဲ့။ အဲဒီ(၄.၅)လီတာ ကြောင့် အချင်အတွယ်မပြည့်တာကို ခု လဲ (၄.၅)လီတာဘဲဆက်လုပ်တယ်။

ဒါနဲ့ အသုံးဝင်လိုဝင်ငြားဆိုပြီး ကားမှာကပ် ထားတဲ့ ရုံးတံဆိပ်ကို လက်ညှိုးထိုးပြ လိုက်တယ်။ကြောက်များကြောက်သွား မလားပေါ့။ပန့်ကိုင်တဲ့ ၀န်ထမ်းက ပြုံးပြီး ပြန်ပြောတယ်။ကျွန်တော်လဲ အဲဒီဌာနက ထွက်လာတာပါဘဲ။မကြောက်တဲ့အပြင် ပြုံးတောင်ပြလိုက်သေးတယ်။ဘာပြောရ မှန်းမသိတာနဲ့ ကားမောင်းထွက်လာရင်း စိတ်ထဲက ရေရွတ်လိုက်မိတယ်။(ပြင်ချိန် တန်ပါပြီ)လို့။

http://www.hotnewsweekly.com/archives/14307

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။