/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 26, 2012

.

ဒေါပုံမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် လာရောက်တည်းခိုနေသော အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများနှင့် သေဆုံးကြောင်း သိရ

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါပုံမြို့နယ် ဆိပ်ကမ်းသာလမ်းနှင့် န၀ဒေးလမ်းထောင့်ရှိ သီရီစံဟိုတယ်တွင် လာရောက်တည်းခိုနေသော အသက်သုံးဆယ်ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးသည် ၄င်းတည်းခိုရာ အခန်းအတွင်းတွင် ဓားဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းရရှိပါသည်။

''နေ့လည် ၂ နာရီဝန်းကျင်မှာ အခန်းသန့်ရှင်းရေးလုပ်တဲ့ ကောင်လေးက သန့်ရှင်းရေးလုပ်ဖို့ အခန်းထဲဝင်မှ ဓါးဒဏ်ရာနဲ့သေဆုံးနေတဲ့ အမျိုးသမီးကို စတွေ့တယ်လို့ သိရပါတယ်။ ဟိုတယ်ဝန်ထမ်းတွေလည်း သက်ဆိုင်ရာကို အကြောင်းကြားတယ်လို့ သိရပါတယ်။ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို ည ၇ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်မှာ ဟိုတယ်ကနေ သက်ဆိုင်ရာက သယ်သွားတာမြင်ရပါတယ်'' ဟု အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသော ဟိုတယ်သို့ လာရောက်ကြည့်ရှုနေသော ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသော ဟိုတယ်မှတာဝန်ရှိသူ ၀န်ထမ်းတစ်ဦးက ''အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်တာ မှန်ပါတယ်။ ဖြစ်စဉ်ကို မပြောဖို့ကိုတော့ သူဌေးက မှာသွားပါတယ်'' ဟု ပြောပါသည်။

ဒေါပုံမြို့နယ်မှ ရဲအမှုထမ်းတစ်ဦးကလည်း ''သေဆုံးတဲ့အမျိုးသမီးက အသက်သုံးဆယ် ၀န်းကျင်ခန့်ပါ။ သေဆုံးနေတဲ့ အမျိုးသမီးအိပ်ခန်းထဲမှာ တရားခံလို့ ယူဆရတဲ့အမျိုးသားတစ်ဦးရဲ့ ယာဉ်မောင်းလိုင်စင်တစ်ခုကို သက်သေအဖြစ် ရထားပါတယ်။ ယာဉ်မောင်းလိုင်စင်မှာပါတဲ့ အမျိုးသားကို လိုက်လံရှာဖွေဖို့ လမ်းကြောင်းတွေအားလုံးကို အကြောင်းကြားထားပြီး ဖြန့်ကြက်ထားပါတယ်'' ဟု ပြောပါသည်။

ဒေါပုံမြို့နယ်ရှိ ရဲစခန်းအား အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သွားရောက်အတည်ပြု မေးမြန်းရာတွင် အဆိုပါ ရဲစခန်းမှ တာဝန်ကျ ရဲအမှုထမ်းတစ်ဦးက ''ဟိုတယ်မှာ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးမှုဖြစ်ပွားတာ ဟုတ်ပါတယ်။ စခန်းက လူကြီးတွေလည်း အခုဖြစ်စဉ်နောက်ကို လိုက်နေတဲ့အတွက် နောက်နေ့မှ လာရောက်မေးမြန်းပါ'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။