“ဖုန်းလိုင်းတွေပြတ်လို့ ဘယ်ကိုဆက်ရမှန်း မသိတာ ကြာပါပြီ။ အခုလို တရားဝင် ပြောကြားထားတော့ ဖုန်းသုံးတဲ့သူတွေ အဆင်ပြေကြမှာပါ” ဟု ကမာရွတ်မြို့နယ်မှ ဖုန်းသုံးစွဲသူ ကိုယုကိုက ပြောသည်။
“ဖုန်းတစ်ခုခုဖြစ်ရင် ဆက်လို့ရတယ် ဆိုလို့ သိတဲ့နံပါတ်ကို မေးမြန်းစုံစမ်းတာ တစ်ခါမှ ဖုန်းမကိုင်ဘူး။ တချို့ဖုန်းနံပါတ်တွေဆိုရင် ဖုန်းခေါ်လို့တောင် မရဘူး။ ဖုန်းနံပါတ်က မှန်တယ်။ ဒါပေမဲ့ ဖုန်းလိုင်းတောင် မဝင်ဘူး။ ဒါကြောင့် မမေးမြန်းတာကြာပါပြီ” ဟု ပုဇွန်တောင်မြို့နယ်မှ ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ဖုန်းဆက်သွယ် ပြောဆိုမှုများတွင် ဖုန်းလိုင်းပြတ်တောက်မှုများ မကြာခဏရှိနေပြီး ဂျီဖုန်းများမှာ ဖြစ်ပွားမှုအများဆုံး ဖြစ်နေသည်ဟု သုံးစွဲသူအချို့ထံမှ သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=27612

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။