ဇမ္ဗူသီရိမြို့နယ်၊တဲကြီးကုန်းကျေးရွာတွင် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး ဟောပြောပွဲအတွက် ကြိုတင်ပြင်ဆင်မှုနှင့်ပတ်သတ်၍ ၄င်းပါတီဝင် ကိုညီညီ အပါအ၀င်(၁၁)ယောက် အား တဲကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ် မ(၂၇)ဖြင့် ၂၀၁၂ခုနှစ် ဇွန်လ (၁)ရက်နေ့မှစ၍ ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပါတ်သတ်၍ NLDပါတီအနေဖြင့် နေပြည်တော်ရှိ ရှေ့နေကွန်ယက်များအသင်းမှ ရှေ့နေ ဦးခင်မောင် ဇော်အား အမှုကိစ္စအတွက် ငှားပေးထားကြောင်း၊ ယခုကဲ့သို့ နေပြည်တော်တွင်း တရားမဲ့ ပြုကျင့်မှုများနှင့် ပတ်သက်၍ မျှမျှတတဖြစ်စေရန်အတွက် လိုက်ပါဆောင်ရွက်သွားမည်ဖြစ် ကြောင်း NLDပါတီရှိ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။