/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, October 25, 2012

.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာချက်

ရခိုင်ပြည်နယ်ဒေသအချို့တွင် အဆောတလျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု ၊ သို့မဟုတ် အန္တရာယ်ဖြစ်လိမ့်မည်ဟု စိုးရိမ်ဖွယ် ရှိသဖြင့် တားဆီးနိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားရှိ ပါသည်။ ယခုအခါ ရခိုင်တိုင်းရင်းသား နှင့် ဘင်္ဂလီလူမျိုးတို့အကြား ကျောက်ဖြူ ၊ မင်းပြား ၊ မြောက်ဦး ၊ အမ်း ဒေသများတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာသဖြင့် လူအသေအပျောက်များ ရှိခဲ့ပြီး ၊ ဒဏ်ရာရရှိသူအများအပြားလည်းရှိကြောင်း ၀မ်းနည်းဖွယ်ရာကြားသိရပါသည်။ ရခိုင်ပြည်နယ်၌   ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းသိမ်းရေး နှင့် တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက်နိုင်ငံတော် အစိုးရ နှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက ပိုမိုဝိရိယစိုက်ထုတ်ဆောင်ရွက်ရန်လိုအပ်နေ ပါသည်။ နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် အလေးအနက်တိုက်တွန်းပါသည်။(၂၄.၁၀.၂၀၁၂)တွင် ပြုလုပ်သော ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရှိရပါသည်။

http://www.hotnewsweekly.com/archives/12550

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။