/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, October 25, 2012

.

နေပြည်တော်ရှိ ပြည်သူများ သွားလာမှုလွယ်ကူရေး ယာဉ်လိုင်းအသစ် တိုးချဲ့ပြေးဆွဲ

နေပြည်တော်အတွင်း နေထိုင်ကြသော ဝန်ထမ်းများနှင့် ပြည်သူများ သွားလာမှု လွယ်ကူစေရန်နှင့် အပန်းဖြေနိုင်ရန်အတွက် အမှတ်(၁၀)၊ နေပြည်တော် မြို့မဈေးမှ အမျိုးသားဥယျာဉ်သို့ မော်တော်ယာဉ်လိုင်း နံပါတ်ဖြင့် နေပြည်တော် မြို့မဈေး- ရေပန်းဥယျာဉ်- ဥပ္ပါတသန္တိစေတီတော်- တိရစ္ဆာန်ဥယျာဉ်-ဆာဖာရီဥယျာဉ်- အမျိုးသားအထိမ်းအမှတ်ဥယျာဉ် လမ်းကြောင်းအတိုင်း အောက်တိုဘာ ၁၄ ရက်မှစ၍ ယာဉ်လိုင်းအသစ် ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်းနှင့် ရုံးပိတ်ရက်များတွင် နေ့စဉ်ပြေးဆွဲပေးမည့် ယာဉ်များအပြင် တိုးချဲ့ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

၎င်းယာဉ်လိုင်းအနေဖြင့် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်ပြေးဆွဲလျက် ရှိကြောင်းနှင့် ဂိတ်စအဖြစ် နေပြည်တော် မြို့မဈေးနှင့် ဂိတ်ဆုံးအဖြစ် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်တို့ကို သတ်မှတ်ထားပြီး ယာဉ်တစ်စီးနှင့် တစ်စီး ၄၅ မိနစ်ခြား ပြေးဆွဲကာ ခရီးစဉ်အဆုံး လိုက်ပါစီးနင်းပါက ငွေကျပ် ၅၀၀ နှင့် ကြားမှတ်တိုင် အတက်အဆင်း စီးနင်းပါက ငွေကျပ် ၂၀၀ ကျပ်နှုန်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။