လက်ပန်တောင်းတောင်စီမံကိန်း ရပ်စဲရေးအတွက် သင်္ချိုင်းမြေက သေသူတွေ ရှင်သူတွေနဲ့အတူ ပါဝင်လာကြပြီ
လက်ပန်တောင်းမှာ သေသူတွေရဲ့ ၀ိညာဉ်များက သားစဉ်မြေးဆက်များ ဘိုးဘွားပိုင်မြေအား မျိုးဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်း အမွေးပေးပြီး အမိမြေကို အသက်ပေးလို့ ကာကွယ်ရ မယ်ဆိုတာ သင်္ချိုင်းမြေတွေရုံးကြွ မြေပြင်အောက် က ကြုံးဝါးသံတွေနဲ့ နိုးထလာခြင်းတွေ အမိမြေကို ကာကွယ်နေကြတဲ့ သားမြေးတွေနဲ့အတူ လက်ပန်တောင်းတောင်နဲ့ ဒေသကျေးရွာ သဘာဝတွေ မပျောက်ပျက်ဖို့အရေး ယှဉ်တွဲရှိနေမယ်ဆိုတာ ဒီနေ့ ပါဖော့မတ်စ်အတ် တခုအနေနဲ့ ဒေသ ခံတွေကြား စိတ်ဓာတ်ခွန်အားတွေ ပိုမိုနိုးကြားလာစေဖို့ အဘိုးအဘွားတွေသာရှိနေရင်ဆိုတဲ့ အတွေးစတွေနဲ့ ရွာသား တွေက အမိမြေအတွက် အရာရာကိုလုပ်ဖို့ ပေးဆပ်ဖို့ အသင့်ရှိတယ်ဆိုတာကို ဘယ်လိုလူတွေက ရူးတယ်ထင်ရင်ထင် ဂရုမစိုက်ပဲ မိမိတို့ ယာမြေ၊ ရွာတွေ၊ ဘာသာ သာသနာ၊ ဒေသအလှသဘာဝနဲ့ လက်ပန်တောင်းတောင်ကြီး မပျောက် ပျက်ရေးအတွက် အရာရာကို ပေးစပ်လုပ်ဆောင်ဖို့ဝန်မလေးကြောင်း သင်္ချိုင်းမြေမှာ ဝိညာဉ်များထမြောက်ခြင်း ပွဲတော် ကြီးကို ကျင်းပခဲ့ကြတယ်။
လက်ပန်တောင်းတောင် စီမံကိန်းမရပ်သ၍ သင်္ချိုင်းမြေက သူတို့ရွာသားတွေနဲ့အတူ တရားမျှတမှု တိုက်ပွဲအတွက် ဒုတိယ အကြိမ်သေမယ်ဆိုရင်တောင် ဒီတိုက်ပွဲကို တိုက်ရမယ်တဲ့ဗျာ။
…………………………………………………………
နောက်ဆက်တွဲသတင်း တချို့ကပြောကြတယ်။ ဆန္ဒပြသူတွေ ရူးကုန်ပြီလားတဲ့။ တချို့ကပြောကြတယ်။ ရိုးသားတဲ့ လယ်သမားတွေကို ခုတုံးလုပ်ပြီ ပေါက်ကရတွေ လုပ်နေတယ်တဲ့။ တချို့ကတော့ အမင်္ဂလာတွေကွာတဲ့။ ရူးကြောင် ကြောင်နဲ့တဲ့။ ဘာဖြစ်လာမှာမို့လဲတဲ့ စသည် စသည်
ဟုတ်ကဲ့ ကျွန်တော်တို့ကတော့ ဒီလိုမြင်ပါတယ်။ ရူးကုန်ပြီလားဆိုရင် ဟုတ်တယ် သူတို့ ရူးသွတ်ကုန်ကြပြီ။ သူတို့ဒေသ သဘာဝနဲ့ သူတို့လူသားဖြစ်တည်မှုအတွက် လက်ပန်တောင်းတောင်စီမံကိန်းရပ်စဲဖို့အတွက် သူတို့ ဘိုးဘွား ခြေချခဲ့ရာ မြေကျခဲ့ရာနေရာအပေါ် မစွန့်လွှတ်နိုင်မှုအတွက် သရုပ်ပြအနုပညာ သဘောအခြေခံကို မမြင်ဘူး မကြားဘူး သို့မဟုတ် အပြစ်မြင် မျက်လုံးနဲ့မကြည့်ဘဲ သူတို့ဟာ သူတို့ ရည်ရွယ်ရာကို မဆုတ်မနစ်နဲ့ သူတို့ဘိုးဘွား သေသူများသာရှိခဲ့ရင်ဆို တဲ့ စိတ်အတွေးနဲ့ သေသူတွေ ဘာပြောချင်မလဲ ဆိုတာကို အနုပညာခံစားမှုနဲ့ ပေါင်းစပ်ပြီး သရုပ်ပြလို့ လူထုကို သူတို့ ဘ၀ရဲ့ရည်ရွယ်ချက်အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ အသိပေးလိုက်တာလို့ပဲ မြင်မိပါတယ်။
အမင်္ဂလာတွေတဲ့ ဟုတ်တယ် သူတို့ဘ၀မှာ မင်္ဂလာဆိုတာ တော်တော်ကြာအောင်ပျောက်နေခဲ့ရပြီ။ သင်္ချိုင်းမရောက်ခင် ကတည်းက ဘ၀တွေက သေသူတွေလို အာမခံချက်မရှိတဲ့ ဘ၀မှာနေနေရသူတွေ။ ထုတ်ခွင့်မရှိတဲ့ ဥပဒေပုဒ်မ (၁၄၄) အထုတ်ခံရပြီးရိုးသားစွာနဲ့တစ်သက်တာနေလာမှုကိုခရိုနီနဲ့လက်ကိုင်တုတ်တွေကြောင့်အမဲရောင်နယ်မြေတခုမှာ စိုးတ ထိတ်ထိတ်နေနေရသူတွေ သူတို့ မင်္ဂလာရှိချင်နေကြပြီ။ သူတို့ မင်္ဂလာရှိတဲ့ ရွာလေးကို မင်္ဂလာ မရှိအောင်အဖြစ်တွေက များခဲ့ပြီ။ အဲဒီတော့ အမင်္ဂတွေပါဆိုသူတွေက သူတို့ဘ၀တွေကို ဘယ်လို မင်္ဂလာရှိအောင် ကယ်တင်ကြမလဲဆိုတာ သူ တို့ကို အပြစ်ပြောနေတာထက် ဘယ်လိုပူးပေါင်းပါဝင် အကြံပေးသင့်တယ်ဆိုတာ စဉ်းစားစေချင်ပါတယ်။
ရူးကြောင်ကြောင်နဲ့ဆိုတာကတော့ အထက်မှာဆိုခဲ့သလို သူတို့ရူးလောက်ကြောင်လောက်အောင် တိုင်းဒေသကြီးအစိုးရ ကိုယ်တိုင်က ပြဿနာကိုပြေလည်အောင် မဖြေရှင်းပဲ ရူးကြောင်ကြောင်လုပ် ခရိုနီအကြိုက် အမှုဖွင့်ဆိုဖွင့်၊ ဖမ်းဆိုဖမ်း၊ တရားစွဲဆို တရားစွဲ၊ ထောင်ထဲ ပို့ဆိုပို့၊ ပြည်သူမျက်နှာကို မကြည့်ဘဲ ရပ်တည်ပြနေတော့ကာ ဒီတိုင်းဒေသကြီး အစိုးရ အောက်မှာ သူတို့ကိုမှ ရူးကြောင်ကြောင် နိုင်တယ်လို့ ပြောလာရင်တော့ ဒေသခံတွေဘက်က လုံးဝမခံနိုင်ကြောင်းနဲ့ အသွင်သဏ္ဌာန်ထက်အနှစ်သာရကိုသာ ကြည့်ပြီး ဆုံးဖြတ်စေချင်ပါကြောင်း မိမိအမြင်ကို တင်ပြရေးသားအပ်သည်။
ကိုဝေဠု
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်တာဝန်ခံ
နေ့သစ်
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။