/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 25, 2012

.

တနင်္သာရီမြို့နယ်တွင် GSM မိုဘိုင်းလ်ဖုန်းများ စတင်အသုံးပြုနိုင်ပြီ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းလ်ဖုန်း (၄) သန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ချောင်းငယ်ရပ်ကွက် ရေတွင်းတောင်ပေါ်တွင် HUAWEI TECHNOLOGIES MYANMAR ဆက်သွယ်ရေးကုမ္ပဏီမှ တပ်ဆင်လျက်ရှိသော GSM ဆက်သွယ်ရေး တာဝါတိုင်သည် စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီခွဲမှ စတင်၍ ဆက်သွယ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင်ကြောင့် GSM မိုဘိုင်းလ်တယ်လီဖုန်းများ ပြောဆိုဆက်သွယ်မှု ကောင်းမွန်စွာ ရရှိပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ ဝမ်းမြောက်ပျော်ရွှင်နေကြကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။