ထိုင်းနိုင်ငံအတွင်းအက်ဖက်တမင်းမူးယစ် ဆေးဝါးအန္တရာယ်ကြီးမြှင့်လာမှုကြောင့် မူးယစ်နယ်စားနော်ခမ်းကို ဆုငွေထုတ်ခဲ့ပြီးနောက်မကြာခင် လာအိုနိုင်တွင်ဖမ်းဆီးရမိပြီး တရုပ်နိုင်ငံသို့လွဲပြောင်းပေးအပ်ခဲ့သည်။ ၂၀၁၁ခုနှစ် အောက်တိုဘာလတွင် မဲခေါင်မြစ်အတွင်းခုတ်မောင်းနေသော တရုပ်သဘောင်္ ၂စီးအား တိုက်ခိုက်ပြီး တရုပ်သဘောင်္သား ၁၃ဦးသတ်ဖြတ်ခဲ့မှုဖြင့် နော်ခမ်းအပါအဝင် (၅)ဦးအား ယူနန်ပြည်နယ်မြို့တော်ကူမင်းတရားရုံးတွင်တရားစွဲဆိုခဲ့သည်။အဆိုပါတိုက်ခိုက်မှုတွင် နော်ခမ်းအဖွဲ့အပြင် ထိုင်းစစ်သားအချို့ပူးပေါင်းပါဝင်ကြောင်းလည်းစွဲချက်တင်ထားသည်။
နော်ခမ်းနှင့်အဖွဲ့အား အရေးယူအပြစ်ပေးရန်အတွက် ကူမင်းတရားရုံးတွင် အမှုစစ်ဆေးနေစဉ် အတွင်း တရားသူကြီးနှင့်အဖွဲ့အား မူးယစ်နယ်စားနော်ခမ်းက ” မိမိမှာငွေသားပိုင်ဆိုင်မှု ဒေါ်လာ ၁သန်းလျောလျော့ရှိပါတယ်။ မိမိသတ်ဖြတ်ခဲ့မိတဲ့သူတွေအတွက်ဝမ်းနည်းရပြီး ကျန်ရစ်သူ မိသားစုဝင်တွေအား မိမိ အနေဖြင့် နစ်နာလျော်ကြေးပေးလိုကြောင်း” အား defendant တင်ပြတောင်းဆိုခဲ့ကြောင်း တရုပ်မီဒီယာသတင်းများကိုကိုးကားပြီး UPI သတင်းတွင်ဖေါ်ပြထားသည်။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။