/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 11, 2012

.

ပိုးထည် ဒီဇိုင်းမျိုးစုံနဲ့ မြန်မာပြည်ရဲ့ အကြီးမားဆုံး ဖက်ရှင်ပြပွဲကြီး ကျင်းပပြုလုပ်မယ့် သားစိုး


သားစိုးက နိုဝင်ဘာ ၃ရက်နေ့ Junction Squareမှာ “မြန်မာပြည်ရဲ့ အကြီးဆုံး ဖက်ရှင်ပြပွဲ”ကြီးကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖက်ရှင်ရှိုးပွဲမှာ သူဖွင့်လှစ်ထားတဲ့ ရွှေပိုးနန်းတော် ပိုးထည်ဆိုင်မှ ပိုးထည်ဒီဇိုင်မျိုးစုံကို သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင်များက ဝတ်ဆင်ပြီး ရှိုးလျှောက်ကြမှာဖြစ်ပါတယ်။ ဒီရှိုးပွဲမှာ ဖြူဖြူ ကျော် သိန်း ၊ဂျေမီတို့အပါအဝင် ပရိသတ်တွေ မထင်ထားတဲ့ အနုပညာရှင်တွေ အများကြီး ပါဝင် ကြမှာဖြစ်ပြီး သားစိုးက သူ့အနေနဲ့ တော့ ရှိုးမှာ မပါဝင်ပေမယ့် တခြား အစီအစဉ် တွေမှာ ပါမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဇိုင်နာ ၄ ယောက်လောက်က ပိုးထည်ဒီဇိုင်း တွေကို အထူးခြားဆုံး ဖြစ်အောင် ချုပ်နေကြ ပြီဖြစ်ပြီး၊ သားစိုးရဲ့ ရော သမွှေ ဒီဇိုင်းတွေ ကိုလည်း ရှိုးမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ “တခြားဖက်ရှင်ရှိုးတွေနဲ့မတူတဲ့ထူးခြား မှုတွေကို တွေ့ရမှာပါ။ ဖက်ရှင်ရှိုးအပြင် တခြားအစီအစဉ်တွေလည်း ပါဦးမယ်။ သီ ချင်းတွေလည်း ဆိုကြမယ်။ ပိုးထည်အင်္ကျီ တွေနဲ့ပဲ သီချင်းဆိုကြမှာပါ”လို့ ဖက်ရှင်ရှိုး အကြောင်းနဲ့ပတ်သက်ပြီး သားစိုးက ပြောပါတယ်။

ဒီဖက်ရှင်ရှိုးကို Sky Net ရုပ်သံလိုင်းနဲ့ MRTV-4 တို့က တိုက်ရိုက်ထုတ် လွှင့်ပြသမှာဖြစ်တယ်လို့ သားစိုးက ပြောပြီး၊ ဖက်ရှင်ရှိုးအတွက်ကို အခုချိန်ကတည်းကစ ပြီးကြိုတင်ပြင်ဆင် မှုတွေလုပ်နေပြီဖြစ်ပါတယ်။

သားစိုးရဲ့ ရွှေပိုးနန်းတော် ပိုးထည်ဆိုင်က အမှတ်၁၁၅၊ရွှေတောင်တန်းလမ်းမှာ စတင် ဖွင့်လှစ်နေပြီဖြစ်ပြီး စက်တင်ဘာကနေ အောက်တို ဘာလကုန်အထိ ပရိုမိုးရှင်း အစီ အစဉ်တွေအများကြီးပြုလုပ်ထားကြောင်း သိရပါတယ်။ နှစ်သောင်းဖိုးဝယ်ရင် လုံချည် တစ်ထည် လက်ဆောင်ပေးမှာဖြစ်သလို၊ ငါး သောင်းဖိုးဝယ်ရင် နှစ်သောင်းကျော် တန် ဖိုးရှိ လုံချည်တစ်ထည်လက်ဆောင် ပြန်ပေး မှာဖြစ်ပါတယ်။

“အဓိကကတော့ ကန်တော့ မယ့်သူတွေ၊ မင်္ဂလာဆောင်မယ့် သူတွေ၊ ဘွဲ့ယူမယ့်သူတွေအတွက် အထူးအစီအစဉ် အနေနဲ့ လျှော့ပေးနေပါတယ်။ ဒီကာလ အတွင်းမှာ ငါးသောင်းဖိုးကျော်ရင် ၁ဝသိန်းတန် ကံစမ်းမဲ လက်မှတ်ပေး မယ်။ နောက်ဖက် ရှင်ရှိုးပွဲအတွက် လက်မှတ် တစ်စောင်ပေးမယ်။ ကံစမ်းမဲကို အောက်တိုဘာလမှာ မဲဖောက် မယ်” လို့ ပိုးထည်ဆိုင်နဲ့ ပတ်သက်ပြီး သားစိုး က ပြောပါ တယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။