/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 11, 2012

.

အကွဲအပြဲ များလာခြင်းကြောင့် ပါတီတွင်းလွတ်လပ်စွာ စည်းဝေးခွင့် NLD ပိတ်ပင်


အကွဲအပြဲ များလာခြင်း၊ ပါတီတွင်း ဒီမိုကရေစီ မရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက်ကြုံလာခြင်းကြောင့် ပါတီတွင်းလွတ်လပ်စွာ စည်းဝေးခွင့် NLD ဗဟိုမှ ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

ပါတီတွင်း ရင်ကြားမစေ့နိုင်သည့်ကိစ္စ အခြေအနေ အလွန်ဆိုးရွားလာခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗဟိုညီလာခံကော်မရှင်မှ စက်တင်ဘာလ ၁၀ ရက်စွဲပါ ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်း အဝေးဆုံးဖြတ်ချက်အရ ကြေငြာချက်တစ်စောင်ကိုထုတ်ပြန်ကြေငြာခဲ့ရကြောင်းသိရသည်။

ယင်းကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွင့်လှစ်ထားရှိသော ပြည်နယ်၊ တိုင်း၊ခရိုင်၊မြို့နယ် ရုံးခန်းအသီးသီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်မှ အပ အခြားသော ပါတီအဖွဲ့အစည်း အစုအဖွဲ့၊ တသီးပုဂ္ဂလတို့ စီစဉ်သော အစည်းအဝေးများ ဆွေးနွေးပွဲများကို ကျင်းပခွင့်မပြုကြောင်းဖြင့်ဖော်ပြထားသည်။

ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေသည့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပါတီထဲမှာ လွတ်လပ်စွာ စည်းဝေး၊ ဆွေးနွေးခြင်းများကို ပိတ်ပင်ခြင်းက စိတ်ပျက်ဖို့ကောင်းကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။

ပြည်ပအခြေစိုက် အတိုက်အခံမီဒီယာများနှင့် ပြည်တွင်း မီဒီယာများကလည်း အစိုးရဖက်မှ ဆွေးနွေးခွင့်များ ၊ စည်းဝေးခွင့်များ ပိတ်ပင်ပါက ပုံကြီးချဲ့ဖော်ပြကာ ဝေဖန်လေကန် မှုတွေ လုပ်ခဲ့ကြပေမယ့် NLD အာဏာပိုင်များမှ ဖိနိပ်မှုအပေါ်မှာတော့ တစုံစရာ ဝေဖန်ခြင်းမျိုး မရှိကြောင်း သတင်းရရှိသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။